စစ်ကောင်စီအဖွဲ့များ ခေါနူးသုမ် သဘာဝသစ်တောကြိုးဝိုင်း ဧရိယာအတွင်း မီးရှို့


မဲခေါင်၊ ဇန်နဝါရီ ၁၂

မင်းတပ်မှ မတူပီမြို့သို့ စစ်ယာဉ်တန်း ၈၃ စီးနှင့် သံချပ်ကာ ၂ စီးပါသည့် စစ်ကောင်စီစစ်ကြောင်းများသည် ချင်းပြည်နယ်၏ ခေါနူးသုမ်သဘာဝသစ်တောကြိုးဝိုင်း ဧရိယာအတွင်းပါရှိသည့် သစ်ပင်များအား မီးရှို့ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ယာဉ်တန်းနှင့် သံချပ်ကာ ၂ စီးအား CDF MINDAT က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့များက ရမ်းသမ်းပစ်ခတ်ပြီးနောက် မင်းတပ်- မတူပီကားလမ်းဘေးရှိကျေးရွာမှ အိမ်များ၊ ဆေးခန်းများကို လက်နက်ကြီးများထိမှန် ပျက်စီးခဲ့ကြောင်းသိရသည်။

ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ရှေ့ပြေး အယောက် ၃၀ ခန့်ပါသည့် စစ်ကြောင်းသည် ရှင်းလင်းချီတက်ရင်း လမ်းတလေ ျှာက်ရှိ တောများ၊ မြက်ခင်းများ၊ သစ်ပင်များအား မီးရှို့သွားခဲ့ခြင်းဖြစ်ပြီး သဘာဝသစ်တောများ အကြီးအကျယ်ပျက်စီးစေခဲ့သည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

နတ်မတောင်၊ ဝိတိုရိယဟု အမည်အမျိုးမျိုးရှိသည့် ခေါနူးသုမ်တောင်သည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင် ၊ ကန်ပက်လက်မြို့တွင် တည်ရှိပြီး သက်တမ်းရာချီရှိသည့် ရှားပါးနှစ်ချို့ပင်များ၊ သက်တမ်းရင့်ထင်းရှူးပင်များ၊ ရှားပါးငှက်မျိုးစိတ်များ၊ ရှားပါးတောရိုင်းတိရိစ္ဆာန်များ၊ တောတောင်ထူတပ်ခြင်းများကြောင့် ၂၀၁၀ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။


MeKong News - မဲခေါင်သတင်း

စစ်ကောင်စီအဖွဲ့များ ခေါနူးသုမ် သဘာဝသစ်တောကြိုးဝိုင်း ဧရိယာအတွင်း မီးရှို့ စစ်ကောင်စီအဖွဲ့များ ခေါနူးသုမ် သဘာဝသစ်တောကြိုးဝိုင်း ဧရိယာအတွင်း မီးရှို့ Reviewed by THITHTOOLWIN on 19:27 Rating: 5

No comments:

Powered by Blogger.