မင်းတုန်းတွင် စစ်သားသစ်စုဆောင်းရန်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ ၈ ဦးခန့်သေဆုံးနိုင်

မင်းတုန်း၊ ဇန်နဝါရီ ၁၁၊ ၂၀၂၂။ 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းရန် တပ်ဖြန့်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၈ ဦးခန့်သေဆုံးနိုင်ကြောင်း People’s Defence Force-Thayet တာဝန်ရှိသူတဦး ကပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခံမှုကို သရက်-ကံမ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ဆင်ရေးအဖွဲ့ က ပြုလုပ်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီနှင့် ၁၁ နာရီကြားတွင် ယော/သမ္ဗူလ ကျေးရွာများအနီး စစ်ကြောင်းဖြန့်တက်လာသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“သေချာထိထိမိမိထိသွားတယ်။ ၈ ဦးအနည်းဆုံးသေနိုင်ပါတယ်။ တခြားမိုင်းထိဒဏ်ရာရသူ တွေလည်းရှိပါတယ်” ဟု PDF Thayet တာဝန်ရှိသူတဦး ကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကာ စစ်ကောင်စီတပ်သားများ ဆုတ်ခွါ ထွက်ပြေးသွားခဲ့ကြောင်း ယင်းကျေးရွာများသို့ စစ်ကောင်စီစစ်သားများက တက်ကြွလှုပ်ရှားသူများကို ခြိမ်းခြောက်ရန်ရှာခြင်း၊ လူသစ်အဓမ္မစုဆောင်းခြင်း၊ တောင်လှန်ရေးရဲဘော်များကို ဖမ်းဆီးခြင်းတို့ကို ပြုလုပ်ရန်လာရောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီက ခြိမ်းခြောက်ပြီး လူသစ်စုဆောင်းနေပေမဲ့ ပြည်သူလူထုက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကိုပဲ မြတ်မြတ်နိုးနိုးနဲ့ ထောက်ခံကူညီနေကြတာကို သိစေချင်တယ်။” ဟု PDF Thayet တာဝန်ရှိသူတဦး ကပြောသည်။

စစ်ကောင်စီ ဒီဇင်ဘာလနှင့် ဇန်နဝါရီလဆန်းရက်များတွင် ကံမ၊ မင်းလှ၊ မင်းတုန်း၊ မြို့နယ်ကျေးရွာများတွင် ပြည့်သူစစ်ဖွဲ့မည်ဟုဆိုကာ တရွာလျှင် ပထမအသုတ် လူ ၂၀၊ ဒုတိယအသုတ် လူ ၂၀ စီတောင်းထားပြီး စစ်သင်တန်းပေးကာ လက်နက်ခဲယမ်းနှင့် ဝတ်စုံများပေးမည်ဟုဆိုကာ အဓမ္မ လူစုဆောင်းမှုများ ပြုလုပ်နေ၍ ဒေသခံလူငယ်များ တိမ်းရှောင်နေရကြောင်း ရွာခံများထံကသိရသည်။

မြေလတ်အသံ - Myaelatt Athan 

မင်းတုန်းတွင် စစ်သားသစ်စုဆောင်းရန်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ ၈ ဦးခန့်သေဆုံးနိုင် မင်းတုန်းတွင် စစ်သားသစ်စုဆောင်းရန်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ ၈ ဦးခန့်သေဆုံးနိုင် Reviewed by THITHTOOLWIN on 22:34 Rating: 5

No comments:

Powered by Blogger.