ကောလင်းတွင် ထမင်းစားနေသော စစ်ကောင်စီတပ်သားများ တာဝေးပစ်လက်နက်ဖြင့် ပစ်ခံရ


ကောလင်း၊ ဇန်နဝါရီ ၁၉၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အနောက်ဘက် ကိုင်းဝန်းရွာအနီးစခန်းချနေသော စစ်ကောင်စီတပ် အင်အား ၁၈၀ ထမင်းစားနေချိန်တွင် တာဝေးအဝေးပစ် ၂ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ကောလင်း PDF တာဝန်ခံ အုန်းမောင်ထံမှ သိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့၊ ည ၈ နာရီဝန်းကျင်ခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများပြားခဲ့ကာ သေဆုံးမှုကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

"မနေ့က ဖြစ်တဲ့ဟာတော့ သူတို့ဘက်က ကျဆုံးမှုတော့အတည်ပြုလို့မရသေးဘူးခင်ဗျ။ အကြမ်းဖက်စစ်ကောင်စီတပ်ကို လှမ်းပစ်တာပါ။ လမ်းကြောက ကိုယ်နေတဲ့နေရာနဲ့ သူတို့လာတဲ့လမ်းကြောက မကိုက်တော့ သူတို့နားတဲ့စခန်းကိုသွားပြီးတော့ ချောင်းမြောင်းပြီးတော့ သွားပြီးမှလုပ်ရတဲ့အနေအထားဖြစ်တာ၊ အဝေးပစ်နဲ့လည်း ပစ်တယ်၊ သူတို့ထမင်းချက်စားနေတဲ့အချိန်မှာ တာဝေးအဝေးပစ်နဲ့ ပစ်တာပါ၊ ကျတော့ကျတယ်ဗျ။ အတိအကျမသိရသေးတာ၊ ထိခိုက်ဒဏ်ရာရရှိသူလည်းများမှာပါ လက်နက်ကြီးနဲ့ လှမ်းထုတာဗျ။" ဟု  တာဝန်ခံ အုန်းမောင် ကပြောသည်

လက်ရှိအချိန်တွင် တိုက်ပွဲပြန်လည်စတင်ရန် အခြေနေများရှိနေကြောင်း သိရသည်။


မြေလတ်အသံ - Myaelatt Athan 

ကောလင်းတွင် ထမင်းစားနေသော စစ်ကောင်စီတပ်သားများ တာဝေးပစ်လက်နက်ဖြင့် ပစ်ခံရ ကောလင်းတွင် ထမင်းစားနေသော စစ်ကောင်စီတပ်သားများ တာဝေးပစ်လက်နက်ဖြင့် ပစ်ခံရ Reviewed by THITHTOOLWIN on 19:41 Rating: 5

No comments:

Powered by Blogger.