ဝါးခယ်မမြို့တွင် စစ်ကောင်စီတပ်သားတွေက မဖော်ထုတ်နိုင်တဲ့အမှုတွေအတွက် အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးနေ


ဝါးခယ်မ၊ ဇန်နဝါရီ ၁၅ ရက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ နေရာ တွေမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အပြစ်မဲ့အရပ်သားတွေကို စွပ်စွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ဗုံးပေါက်ကွဲတာတွေဖြစ်ရင် တရားခံဖမ်းမမိတဲ့အခါ အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီးတာ ဒီဇင်ဘာလကစတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ ခုက ဖြစ်ပြီးတာနဲ့ အတင်းလိုက်ဖမ်းတာ ပြီးရင် မှားတယ်ပြောပြီး ပြန်လွှတ်ပေးတာ ဖုန်းထဲမှာ သူတို့မကြိုက် တာတွေ တွေ့မှ တရားစွဲတာ ဒီဇင်ဘာလက လဝကရုံးဗုံးပေါက်တော့ ၁၁ ယောက် မှားဖမ်းခံရတယ် ဒီလဆန်းပိုင်းမှာလည်း ရဲစခန်းသေနတ်နဲ့အပစ်ခံရတော့ ၅ ယောက်လောက်ကို မဆိုင်ပဲဖမ်းသွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ 

လဝကရုံးမှာ ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ ၁၁ ဦးထဲက ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ရဲစခန်း သေနတ်နဲ့အပစ်ခံရတဲ့ ညက ဖမ်းဆီးသွားတဲ့ ၅ ဦးကိုလည်း ၄ ဦးသာပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဝါးခယ်မမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ စွပ်စွဲဖမ်းဆီးခံရတဲ့ အပြစ်မဲ့အရပ်သား ၃၀ ကျော်ထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။


Ayeyarwaddy Times

ဝါးခယ်မမြို့တွင် စစ်ကောင်စီတပ်သားတွေက မဖော်ထုတ်နိုင်တဲ့အမှုတွေအတွက် အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးနေ ဝါးခယ်မမြို့တွင် စစ်ကောင်စီတပ်သားတွေက မဖော်ထုတ်နိုင်တဲ့အမှုတွေအတွက် အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးနေ Reviewed by THITHTOOLWIN on 19:21 Rating: 5

No comments:

Powered by Blogger.