မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ တိုက်ပွဲဖြစ်ပွါးနေ


မြိုင်၊ ဇန်နဝါရီ ၁၀

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက အင်အားဖြည့်တင်း ဝင်ရောက်လာသောကြောင့် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်နေကြောင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပခုက္ကူဘက်မှဖြည့်တင်းအင်အား ၄၀၀ ခန့်ဖြင့်  မြိုင်မြို့နယ်ကို ထိုးစစ်ဆင်လာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်နေသည်ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။

"တအား ရှုပ်ထွေးနေပါတယ်ဗျ။ အနောက်၊ မြောက်နဲ့ အရှေ့ အကုန် စစ်ကြောင်း ထိုးနေတယ်ခင်ဗျ"ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

ယနေ့နံနက်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လက်နက်ကြီး ထိမှန်ကျဆုံးထားပြီး အတိအကျ မသိရသေးကြောင်း၊ တိုက်ပွဲဖြစ်ပွါးရာနေရာအနီးရှိ ရွာအချို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်များက မြိုင် -ပခုက္ကူလမ်းအနီး မိုင်းရှာနေသည့် စစ်ကောင်စီတပ်များကို မိုင်း ၁၆လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ၁၀ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုနေ့ညနေပိုင်း၌ပင် ထန်းငယ်တောအရှေ့ဘက်ချောင်းခွလမ်းကွဲရှိ စစ်တပ်ယာဥ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးမှောက်ပြီး ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲခံရပြီးနောက် ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီ ကလက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများရှောင်တိမ်းနေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံက သိရသည်။

လူငယ့်ခေတ် / Lu Nge Khit

မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ တိုက်ပွဲဖြစ်ပွါးနေ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ တိုက်ပွဲဖြစ်ပွါးနေ Reviewed by THITHTOOLWIN on 16:50 Rating: 5

No comments:

Powered by Blogger.