ဂန့်ဂေါအပါအဝင် မကွေးတိုင်းအထက်ပိုင်း၆မြို့နယ်မှာ စစ်တပ်အုပ်ချုပ်ရေး ယန္တရားရပ်ဆိုင်းလုဖြစ်နေကြောင်း ဗိုလ်မှူးကြီးကျော်ကျော်လင်း ဝန်ခံ၊ ပျူစောထီးများကို အဓိကအသုံးချသွားမည်ဟုပြော

ဓာတ်ပုံ- မကွေးတိုင်းစစ်ကောင်စီ ဗမက ကျော်ကျော်လင်း

ဂန့်ဂေါ ဇန်နဝါရီ ၂၃ 

မကွေးတိုင်းအတွင်းရှိ ၆ မြို့နယ်မှာ အစိုးရ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းလုဖြစ်နေပြီး နယ်မြေခံမှလွဲ၍ အစိုးရဝန်ထမ်းများ ထွက်ပြေးနေရကြောင်း မကွေးတိုင်းစစ်ကောင်စီ၏ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောဆိုလိုက်ပါတယ်။ 

ဇန်နဝါရီလ ၁၉ ရက်နေ့ မကွေးတိုင်းစစ်ကောင်စီ၏ နယ်မြေကွင်းဆင်းဆောင် ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ၎င်းက အထက်ပါအတိုင်း အသိပေးပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ အစည်းအဝေးမှတ်တမ်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြတင်ဆက်ထားပါတယ်။ 

၂၀၂၁ ခုနှစ် ဇူလိုင်မှစတင်ပြီး ယခုအချိန်အထိ ဂန့်ဂေါခရိုင် ၃ မြို့နယ်ဖြစ်တဲ့ ဂန့်​ဂေါမြို့နယ်၊ ​​ဆောမြို့နယ်၊ ထီးလင်းမြို့နယ်တွင် အစိုးရအုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းလုဖြစ်နေပြီး လက်ရှိ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်နှင့် ရေစကြိုမြို့တို့တွင်လည်း အလားတူ ဖြစ်လာနေကြောင်း ၎င်းက ပြောဆိုပါတယ်။ 

" ဇူလိုင်က စပြီး PDF ကိစ္စတွေ ပေါ်လာတဲ့အခါမှာ ပထမအဆင့်ကတော့ ကျနော်တို့ ဂန့်ဂေါခရိုင် ၃ မြို့နယ်က အစိုးရရဲ့ အုပ်ချုပ်ယန္တရား ပျက်လုနီးပါးအဆင့်ကို ရောက်သွားပါတယ်။ ဒါဘာလဲဆိုတော့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေ ပျက်ပြားသွားတယ်။ နောက် ဖွဲ့စည်းထားတဲ့မြို့နယ်အဆင့်၊ ခရိုင်အဆင့် အစိုးရယန္တရားအဖွဲ့အသီးသီးရဲ့ တာဝန်တွေအားလုံး ရပ်ဆိုင်းသွားပါတယ်။ ဒါ့အပြင် ဝန်ထမ်းအားလုံးကလည်း ဒီဒေသမှာ မနေရရဲလို့ နယ်မြေခံကလွဲလို့ ကျန်တဲ့ပုဂ္ဂိုလ်တွေ ထွက်ခွာသွားရပါတယ်။ နောက်တစ်ဆင့် တက်လာတာကတော့ ပေါက်၊ မြိုင်၊ ရေစကြိုပါ။ လက်ရှိလည်း ဒီဒေသမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောဆိုပါတယ်။ 

"၂၀၂၂ ခုနှစ်မှာ ဗမာသူပုန်ပေါ်လာတာ။ ကျနော်တို့ ပဲခူးရိုးမကို ဘယ်လိုတိုက်ခဲ့ရလဲဆိုတော့ ဖြတ်လေးဖြတ်နဲ့ တိုက်ခဲ့ရတာ။ အဲဒီခေတ်အဲဒီအခါက မီဒီယာအခြေအနေအရ လုပ်လို့ရပေမယ့် အခုခေတ် မကွေးတိုင်းတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဒီလိုနည်းလမ်းတွေနဲ့ သုံးလို့ အဆင်မပြေတော့ပါဘူး။ အဲဒီတော့ ခုန ကျနော်တင်ပြတဲ့အထဲမှာ မဟာဗျူဟာကို တင်ပြမယ်။ ကျနော်တို့ နိုင်ငံက ဘက်မလိုက် နိုင်ငံဖြစ်ပါတယ်။ ဘန်ဒေါင်းမှာလည်း ဘက်မလိုက်နိုင်ငံဖြစ်ပါတယ်။ ဘက်မလိုက်နိုင်ငံဆိုတာ သူများကို မကျူးကျော်ဘူး။ ကိုယ့်နိုင်ငံကျူးကျော်တာ လက်မခံဘူး။  သူများရဲ အတွင်းရေးကို မစွတ်ဖက်ဘူး။ ကျနော်တို့ တပ်မတော်နဲ့ နိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာကို ချမှတ်တဲ့အခါမှာ ပြည်သူ့စစ် မဟာဗျူဟာကို ချထားတာဖြစ်ပါတယ်" လို့ ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောပါတယ်။

PDF များကို တိုက်ခိုက်ရန် ကောင်တာ ပြည်သူ့စစ်ဗဟာဗျူဟာကို အသုံးပြုရမည်ဖြစ်ပြီး ပြည်သူလူထုကိုလည်း လက်ဦးမှု ရယူ စည်းရုံးရမည်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။  

"လက်ရှိ PDF တွေ ကျင့်သုံးနေတာက ပြည်သူ့စစ်မဟာဗျူဟာဖြစ်ပါတယ်။ ဒါကြောင့် PDF ပြည်သူ့စစ် မဟာဗျူဟာကို ကောင်တာ မဟာဗျူဟာနဲ့ တိုက်မယ်ဆိုရင် ကျနော်တို့ အချက် ၂ ချက် ပဲရှိပါတယ်။ပထမ တစ်ချက် အကိုင်း အခက်နဲ့ ပင်မအမြစ်ကို ဖြတ်တောက်ရမယ်။ ဒါတွေက ဘာလဲဆိုတော့  ရစရာရှိတဲ့ ငွေကြေး ရနိုင်တဲ့ နည်းလမ်းတွေ အစားအသောက် ရိက္ခာ လက်နက်ခဲယမ်း အင်အား အဲဒါတွေကို ဖြတ်တောက်ရပါ့မယ်။ ဒုတိယအချက်ကတော့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုရယူဖို့ ဖြစ်ပါတယ်။ လက်ရှိ ဇူလိုင်လကနေစပြီး အခုအချိန်အထိ အစိုးရနဲ့ ပြည်သူ အဆက်ပြတ်နေသလိုဖြစ်နေပါတယ်။  အဆက်ပြတ်နေတဲ့ ပြန်လည် ထိတွေ့ဖို့အတွက် သက်ဆိုင်ရာ တိုင်းအဆင့် ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ တွေက သွားလို့ရတဲ့ လုံခြုံရေး အထောက်အပံ့နေရာတွေကို သွားရောက်ပြီး ဒေသခံပြည်သူနဲ့ ပြန်လည် ထိတွေ့ပြီးတော့ အုပ်ချုပ်မှု ယန္တရားကို ပြန်လည် တည်ဆောက်ရမှာဖြစ်ပါတယ်" လို့ ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောဆိုပါတယ်။  

အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်များအရ လာမယ့်ကာလမှာ ဂန့်ဂေါမြို့နယ်အတွင်း ပျူစောထီးတွေ အင်အားကောင်းလယအောင် စစ်တပ်ကကြိုးစားလာနိုင်ဖွယ်ရှိပြီး 

မြိုင်နယ်မှာတော့ စစ်ကြောင်ကြီးငါးကြောင်းနဲ့ စည်းရုံးရေးထွက်မယ်လို့ စစ်တပ်ရဲ့ ရုံးတွင်းစာတွေအရ သိရပါတယ် ။  


Gangaw Youths Voice


ဂန့်ဂေါအပါအဝင် မကွေးတိုင်းအထက်ပိုင်း၆မြို့နယ်မှာ စစ်တပ်အုပ်ချုပ်ရေး ယန္တရားရပ်ဆိုင်းလုဖြစ်နေကြောင်း ဗိုလ်မှူးကြီးကျော်ကျော်လင်း ဝန်ခံ၊ ပျူစောထီးများကို အဓိကအသုံးချသွားမည်ဟုပြော ဂန့်ဂေါအပါအဝင် မကွေးတိုင်းအထက်ပိုင်း၆မြို့နယ်မှာ စစ်တပ်အုပ်ချုပ်ရေး ယန္တရားရပ်ဆိုင်းလုဖြစ်နေကြောင်း ဗိုလ်မှူးကြီးကျော်ကျော်လင်း ဝန်ခံ၊ ပျူစောထီးများကို အဓိကအသုံးချသွားမည်ဟုပြော Reviewed by THITHTOOLWIN on 01:25 Rating: 5

No comments:

Powered by Blogger.