HTY Information (ဇန်နဝါရီလ ၅ ရက်)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၊ အမှတ်(၂၀) ရပ်ကွက် ၊ အပိုင်(၂) ရှိ ရပ်ကွက်ဧည့်စာရင်းရုံးကို ယမန်နေ့ ဇန်နဝါရီလ (၄) ရက် ည (၈:၄၀)ဝန်းကျင်အချိန်ခန့်က ဗုံးပစ်တိုက်ခိုက်ခံရပြီး ရာအိမ်မှူးအပါအဝင် (၄) ဦးထိခိုက်ခဲ့ကြောင်းသိရသည်။
" ထိတာက စုစုပေါင်း (၄) ဦး အဲ့ရပ်ကွက်က ရာအိမ်မှူး ဖိုးဖွားရယ် ၊ ဧည့်စာရင်းစာရေးရယ်၊ နောက်ထပ် အမျိုးသမီး (၂)ဦးရယ် ထိသွားတယ် ရာအိမ်မှူးကလွဲပြီး ကျန်တဲ့သူတွေတော့ ကြီးကြီးမားမားထိခိုက်တာမျိုးတော့မဟုတ်ဖူး ဒဏ်ရာအနည်းငယ်ရသွားကြတယ် ဖြစ်ပြီးမကြာဘူး ဆေးရုံကားရောက်လာပြီး လာခေါ်သွားပါတယ်" ဟု အမည်မဖော်လိုသူတစ်ဦးက HTY Information သို့ဆိုပါသည်။
အဆိုပါဖောက်ခွဲတိုက်ခိုက်မှုအား မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော (Z.T.H) From Zero to Hero မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင်နေအိမ်များအား အဓမ္မသိမ်းဆည်းပြီး ရုံးအဖြစ်ပြောင်းလဲခါ ပြည်သူများအား ဖိနှိပ်နေသည့်အတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဒါပြင် တိုင်ပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်များအပါအဝင် နွေဦးတော်လှန်ရေးကာလတွင် ကျဆုံးခဲ့သူများအားလုံးကို အလေးပြု ဦးညွှတ်၍ စစ်မိစ္ဆာနှင့်အပေါင်းအပါများအား ဆုံးခန်းတိုင်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါ ရှိပါသည်။
HTY Information
No comments:
Post a Comment