ဇန်နဝါရီလ (၁၆) ရက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့။

 လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံးနှင့် (၁၁) ထပ် ဟိုတယ် အနီးတွင်၊ တိုက်ပွဲ ပြင်းထန်ခဲ့ပါသည်။ ယနေ့ မနက် (၉း၀၀) နာရီမှ စ၍ ညနေ (၁၇း၄၅) အထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲများခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး( ၂၀ )ဦး ထိခိုက်ကျဆုံးနိုင်ပါသည်။

 အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ အထမြင့်အဆောက်အဦးနှင့် နည်းပညာတက္ကသိုလ်တို့ကို အကာအကွယ်ယူပြီး ထိုးစစ်တိုက်ခိုက်လာသဖြင့်၊ PDF ပူးပေါင်းတပ်များနှင့်အတူ KNDFတို့မှ ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။



ထို့အပြင် မွန်းလွဲ (၁၄း၀၀) နာရီခန့်တွင်လည်း ဖရူဆိုမြို့နယ်၊မာခရော်ရှေ့ကျေးရွာ ခြေကုပ်စခန်းမှ ရေးခပ်ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို KNDF တိုက်ခိုက်ပါသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိခဲ့ပါသည်။

KNDF သတင်းနှင့်ပြန်ကြားရေးဌာန


Karenni Nationalities Defense Force-KNDF

ဇန်နဝါရီလ (၁၆) ရက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ဇန်နဝါရီလ (၁၆) ရက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် Reviewed by THITHTOOLWIN on 22:37 Rating: 5

No comments:

Powered by Blogger.