ပေါင်းတည်မြို့နယ်က ရာအိမ်မှူးတဦးပစ်သတ်ခံရ


ပေါင်းတည်၊ဇန်နဝါရီ၂၀၊၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်းပေါင်းတည်မြို့နယ်ပျဉ်ပုံအုပ်စုမှာ ဇန်နဝါရီ၂၀ရက် ဒီနေ့နေ့လယ် ၃နာရီဝန်းကျင်လောက်က ရာအိမ်မှူးတဦး ပစ်သတ်ခံရကြောင်း ဒေသခံတဦးကပြောပါတယ်။

သူနေထိုင်တဲ့ ထန်းတပင်ရွာနဲ့ ပျဉ်ပုံရွာကိုကူးတဲ့လမ်းမှာ ဆိုင်ကယ်မောင်းနေစဉ် ဦးခေါင်းကိုသေနတ်နဲ့ ပစ်ခတ်ခံရတာလို့ သိရပါတယ်။

"သူ့နာမည်က ကြည်စိုးတဲ့ အသက်က၅၀ကျော် ၆၀ ဝန်းကျင်၊ အဲ့ဒီနေရာမှာပဲ တခါတည်းသေတာတဲ့ ခေါင်းပွင့်သွားတယ်တဲ့ သွားတော့မကြည့်ရဲဘူး ရဲတွေစစ်သားတွေ လာတာမြင်လိုက်တယ်သူ့သားကအရင်ကပေါင်းတည်ရဲစခန်းမှာတာဝန်ကျတယ်ခုတော့မသိဘူး"လို့ ထန်းတပင်ရွာသားတဦးက ပြောပါတယ်။

ပျဉ်ပုံအုပ်စုကလက်ရှိအုပ်ချုပ်ရေးမှူးဟာ  စစ်ကောင်စီခန့် ဒုတိယမြောက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး  ပြီးခဲ့တဲ့လပိုင်းက သေနတ်ပစ်ခတ်ခံခဲ့ရပေမဲ့ အသက်ဘေးကလွတ်မြောက်ခဲ့​သူ ဖြစ်ပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ပေါင်းတည်မြို့နယ်က ရာအိမ်မှူးတဦးပစ်သတ်ခံရ ပေါင်းတည်မြို့နယ်က ရာအိမ်မှူးတဦးပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.