တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ စောဖျားရွာတွင် ပျူးစောထီးအဖွဲ့ဝင်အမျိုးသားတစ်ဦးသည် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပျူးစောထီးဆိုသူ ဦးအေးချို(ခ)ကိုဘိတ်သည် ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ့ခန့်က ကျောက်လှေကားရွာတွင် လည်ပင် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
”လက်ကိုကြိုးတုတ်ပြီးလည်ပင်းကို ဓားနဲ့လှီးထားတယ် ။ လမ်းသွားလမ်းလာတွေက သေနေတာမြင်လို့ ရွာထဲအကြောင်းကြားလာခဲ့မှ မိသားစုဝင်တွေသိရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်
ဦးအေးချိုမှာ ရွာအတွင်းဆိုးသွမ်းနေသူဖြစ်ပြီး ပျူးစောထီးခေါင်ဆောင် ဦးအောင်စိန် တပည့်ဖြစ်ကြောင်း ၎င်းကပြောသည် ။
လက်ရှိတွင် ကျေးရွာအတွင်း အရပ်ဝတ်စစ်သားနှင့် ရဲများ ခြေရှုပ်နေပြီးရာဘာခြံအနီး လိုက်လံ စစ်ဆေးနေကြောင်း စောဖျားရွာသားတစ်ဦးကပြောသည် ။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment