လိုင်းကြေးမပေးလို့ မြိုင်က ရေနံတွင်းတွေကို စစ်တပ်က မီးရှို့




မြိုင်၊ ဇန်နဝါရီ ၂၁၊ ၂၀၂၂။

မ‌ကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သပြေညိုတောင်ထိပ် ရေနံမှော်မှာ ရေနံတူးနေတဲ့ ပြည်သူတွေဆီက လိုင်းကြေးမရတဲ့အတွက် အဲ့ဒီရေနံတွင်းတွေကို စစ်တပ်က မီးရှို့နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက ဆီ ၁ ပေပါကို လိုင်းကြေး ၁ သိန်း တောင်းခံထားတာဖြစ်ပြီး၊ ရေနံလုပ်သားတွေအနေနဲ့ ဒီငွေပမာဏကို မပေးတဲ့အတွက်ကြောင့် မီးရှို့နေတာဖြစ်တယ်လို့ Myaing Villages Revolution Front ဥက္ကဌက ပြောပါတယ်။ 

"ဒီကောင်တွေရှို့တာက ဆက်တိုက်ဖြစ်နေတာ၊ ဒီနေ့လည်းရှို့နေတုန်းပါ၊ ဒါကတော့ သိတဲ့အတိုင်းပဲဗျာ၊ ကြွက်မနိုင်ကျီမီးနဲ့ရှို့တဲ့သဘောပါပဲ၊ သူတို့အလွယ်ဆုံး လုပ်လို့ရတဲ့နည်းလမ်းပေါ့၊ ကျနော်တို့သိတာကတော့ တပေပါကို လိုင်းကြေးတသိန်းတောင်းတာမပေးလို့ဆိုပြီး ရှို့တာ" လို့ သူက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၄ ရက်လောက်ကတည်းက ဇန်နဝါရီ ၂၁ ရက် ဒီကနေ့ထိ မီးရှို့နေတယ်လို့ သိရပြီး၊ ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုးတွေကိုတော့ မြေလတ်အသံကဆက်လက်စုံစမ်းနေဆဲပါ။ 


မြေလတ်အသံ - Myaelatt Athan 

လိုင်းကြေးမပေးလို့ မြိုင်က ရေနံတွင်းတွေကို စစ်တပ်က မီးရှို့ လိုင်းကြေးမပေးလို့ မြိုင်က ရေနံတွင်းတွေကို စစ်တပ်က မီးရှို့ Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.