ရေဦးတွင် ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦး သေဆုံး

ရေဦး၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းကို ပျောက်ကျားစနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု  Area-21 Network က ထုတ်ပြန်လိုက်သည်။

ရေဦးမြို့နယ်၊ မန်ကျည်းနီကျေးရွာမှ တင်းတိမ်ရံကျေးရွာသို့ ထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါသော စစ်ကောင်စီ၏ စစ်ကြောင်းကို ပျောက်ကျားစနစ်ဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိုးစစ်ကို Area-21 Network အဖွဲ့ဝင်ဖြစ်သည့် Myanmar Defence Force - Depeyin နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒီပဲယင်း) တို့ကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ပျောက်ကျားထိုးစစ်ကို စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ သေဆုံးသူစာရင်းကို အတည်မပြုနိုင်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များအနေဖြင့် အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လူငယ့်ခေတ်အနေဖြင့် အဆိုပါထုတ်ပြန်ချက်ကို အတည်ပြုနိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားရာ ဒေသရှိ ပြည်သူများနှင့် အဆက်အသွယ်ရရှိရန် ကြိုးစားဆဲသာဖြစ်သည်။

လူငယ့်ခေတ် / Lu Nge Khit

ရေဦးတွင် ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦး သေဆုံး ရေဦးတွင် ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦး သေဆုံး Reviewed by THITHTOOLWIN on 16:46 Rating: 5

No comments:

Powered by Blogger.