တနင်္သာရီ၊ ဇန်နဝါရီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ တကူရဲစခန်း ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက မီးရှို့ဖျက်စီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ မီးရှို့ဖျက်စီးမှုကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မီးရှို့ဖျက်စီးခံရတာကြောင့် ရဲစခန်းရှိ စာရွက်စာတမ်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ပရိဘောဂပစ္စည်းတွေ၊ ယူနီဖောင်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ရေပိုက်လိုင်းတွေပါ ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် တကူကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ကောင်စီဘက်က ချန်ထားခဲ့တဲ့ ဆိုင်ကယ် ၅ စီးကို သိမ်းဆည်းခဲ့ပြီး တကူကမ်းနားရှိ စစ်ကောင်စီ စက်လှေတစ်စီးနဲ့စက်နှစ်လုံးကိုလဲ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
"အဲဒီရဲစခန်းက စကစ လက်အောက်ခံရဲတွေ မနေတာကြာပြီး။ ဟိုတစ်ခါလဲ တိုက်ခိုက်ခံရသေးတယ်။ ခုကတော့ တော်တော်လေး ဖျက်စီးခံရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း တကူရဲစခန်းကို ဓူဝံတော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲမီးရှို့တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
Than Lwin Times
No comments:
Post a Comment