လယ်မူလားမြို့နယ်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးသေဆုံးပြီး ကလေးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ


ဇန်နဝါရီ-၂၄၊၂၀၂၂

ကေအဲန်ယူ-လယ်မူလားမြို့နယ်၊ ဘိတ်ထားဝယ်ခရိုင် 

ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ်မှာ စစ်ကောင်စီက ထောင်ထားတဲ့မိုင်းကိုနင်းမိလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး ကလေးတစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ကေအဲန်ယူ-လယ်မူလားမြို့နယ် ပဝတ်ဖျားကျေးရွာမှာ စစ်ကောင်စီက နေအိမ်တစ်အိမ်ရှေ့မှာ မိုင်းထောင်ထားပြီး အဲ့ဒီမိုင်းကို အသက်(၂၈) နှစ်အရွယ်ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ သေဆုံးသွားခဲ့တာပါ။

အဲ့ဒီအမျိုးသမီးဟာ ကိုယ်ဝန်ခြောက်လရှိပြီဖြစ်ပြီး အသက်(၆)နှစ်အရွယ်ရှိတဲ့ သူ့ရဲ့သားဖြစ်သူကတော့ ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်ကနေ သိရပါတယ်။ 


𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙

လယ်မူလားမြို့နယ်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးသေဆုံးပြီး ကလေးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ လယ်မူလားမြို့နယ်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးသေဆုံးပြီး ကလေးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:31 Rating: 5

No comments:

Powered by Blogger.