လွိုင်ကော်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် အိမ်တစ်လုံးပျက်စီး

ဓာတ်ပုံ - CJ

လွိုင်ကော်မြို့နယ် ဒေါဥခူရပ်ကွက် အထွေထွေအုပ်ချုပ်ရေး စုပေါင်းခရိုင်ရုံးမှာ ဒီကနေ့ ဇန်နဝါရီလ ၁၉ရက်နေ့ မနက် ၁၂နာရီအချိန်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF)  ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်း ကပြောပါတယ်။

ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ နဲ့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီဘက်က ၁၅ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ ကျနော်တို့က ထုံးစံအတိုင်း ဒီမြို့ပြပျောက်ကျားကို အခါအားလျှော်စွာလုပ်တယ်။ မြို့ပြပျောက်ကျားဆိုတာ ကျနော်တို့က တိုက်ပွဲအကြီးကို ပုံဖော်တဲ့ ပုံစံ ကျနော်တို့မြို့ပြ ပျောက်ကျား သဘောသဘာဝက ကျနော်တို့က နိုင်တဲ့နေရာကို ရွေးတိုက်ရတဲ့ ပုံစံမျိုးဘဲ။ အဲ့ကြောင့် ကျနော်တို့ နိုင်နိုင်မယ့်နေရာကို ရွေးတိုက်တယ်။ အဲ့ကြောင့်မလို့ မနေ့က မနက် ၁၂ခွဲကျော်ကျော်လောက်မှာ ဒီဒေါဥခူ ကျောက်ပြားတံတားအောက်မှာ ရှိတဲ့ ထွေအုပ်ခရိုင် စုပေါင်းရုံးကို ကျနော်တို့မနေ့က ဝင်တိုက်ခဲ့တယ်။” KDF  ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်း ကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ ပြီး ဒေါဥခူရပ်ကွက်ထဲက  ဒေသခံနေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“ ကျနော်တို့ ပြည်သူရဲ့ အိမ်ကို ကာကွယ်ဖို့ အဓိက ဦးစားပေးတာပေါ့နော။ ဒါပေမယ့် သူတို့ အဲ့လိုမျိုး လက်နက်ကြီးတွေနဲ့ တအားကြီး ရမ်းသမ်းပစ်ခတ်လို့ အိမ်တစ်လုံးတော့ ပျက်စီးဆုံးရှုံးမှု တစ်ခုရှိသွားတယ်ဗျ။“ လို့ ကိုလင်းလင်းကပြောပါတယ်။

တိုက်ပွဲအတွင်း ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF)၊ GZ – 21( Loikaw) ၊ JPDF အဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။


Kantarawaddy Times

လွိုင်ကော်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် အိမ်တစ်လုံးပျက်စီး လွိုင်ကော်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် အိမ်တစ်လုံးပျက်စီး Reviewed by THITHTOOLWIN on 19:36 Rating: 5

No comments:

Powered by Blogger.