ကြံခင်းမြို့နယ် ခုံကြီးကျေးရွာက သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ တစ်ဦးပစ်သတ်ခံရ


(ကြံခင်း)၊ ဇန်နဝါရီ ၁၆ ရက်

ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ် ခုံကြီးကျေးရွာက စစ်ကောင်စီ၏ သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ မြင့်သိန်းဆိုသူမှာ ယမန်နေ့ည ၉နာရီအချိန်က သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

မနေ့ကညက ခုံကြီးကျေးရွာ တစ်ဘက်ကမ်းက ၎င်းပိုင်ဆိုင်တဲ့ ဘိလိယက်ခုံမှာ ပစ်သတ်ခံရတာဖြစ်ပြီး သေနတ် ဒဏ်ရာ၄ချက်နဲ့ သေဆုံးသွားတာလို့ ဒေသခံတွေကပြောပါတယ်။

"သူက အရင်စစ်အစိုးရလက်ထက်ကတည်းက ဆယ်အိမ်မှူးနဲ့ရဲသတင်းပေးလုပ်တာကြာပြီ။ ခုလဲ သူ့အလောင်းကို စစ်တပ်ကကားနဲ့ကြံခင်းမြို့ကိုယူသွားတာ ခုထိတော့ရွာသားတွေကို အထင်နဲ့ဖမ်းတာတော့မရှိသေးဘူး"လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သေဆုံးသူမှာ အသက်၅၀အရွယ်ရှိပြီး ယခင်စစ်အစိုးရ အဆက်ဆက် ဆယ်အိမ်မှူးအဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ကာ စစ်တပ်နှင့် နီးစပ်သူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ဆိုပါတယ်။

လက်ရှိမှာစစ်အုပ်စုက ကျေးရွာရဲ့အ၀င်အထွက်လမ်းတွေကို ပိတ်ဆို့စစ်ဆေးမှု တွေပြုလုပ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ခုံကြီးကျေးရွာက သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူတ မြင့်သိန်းပစ်သတ်ခံရတာနဲ့ပတ်သတ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းကလည်း ခုံကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းကို အမည်မသိအဖွဲ့က မြှားနဲ့ပစ်ခတ်ခဲ့တာကြောင့် ဆေးရုံတက်ရောက်ကုသခဲ့ရတယ်လို့ ​ဒေသခံများထံမှ သိရပါတယ်။


Ayeyarwaddy Times

ကြံခင်းမြို့နယ် ခုံကြီးကျေးရွာက သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ တစ်ဦးပစ်သတ်ခံရ ကြံခင်းမြို့နယ် ခုံကြီးကျေးရွာက သတင်းပေး(ဒလန်)ဟု နာမည်ကြီးသူ တစ်ဦးပစ်သတ်ခံရ Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.