( ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -CNDF ) |
ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ဝေဘူလမြို့ကို ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDF တိုက်ပွဲဖြစ်ပွားပြီး၊CNDF ထောင်ထားသော မိုင်းများနင်းပြီး အများအပြားသေဆုံးဒဏ်ရာရခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်( Chin National Organization) က ယနေ့ သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးနှင့်လူအင်အား အလုံးအရင်းဖြင့် ဝေဘူလမြို့ကို ဇန်နဝါရီ ၆ ရက်မှစတင်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုလည်းCNOကထုတ်ပြန်သည်။
ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်များက လူသားဒိုင်းအဖြစ် ပြည်သူလူထုကို အသုံးပြုခဲ့မှုများလည်းရှိသည်။ အကြမ်းဖက်စစ်ကောင်စီက ဝေဘူလမြို့သို့ တောင်ယာလုပ်ငန်းမှာ ခြေလျင်ပြန်လာသည့် ပြည်သူ ၅ ဦးကို ယနေ့(ဇန်နဝါရီ ၁၀ ရက်)တွင် လူသားဒိုင်းဖြစ် ခေါ်ဆောင်သွားသည်။ ၎င်းတို့အနက်မှ နှစ်ဦးကို ပြန်လွှတ်ပေးသော်လည်း ကျန် သုံးဦးကို လူသားဒိုင်းအဖြစ် ဆက်လက်ခေါ်ဆောင်သွားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယနေ့တိုက်ပွဲတွင် CNDF (Chin National Defence Force )ဘက်မှ ထိခိုက်မူ မရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံး အတိအကျမသိရသေးဟုလည်း CNOက ထုတ်ပြန်ထားသည်။
ဝေဘူလမြို့သို့ စစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို PDF (Kalay) ၊ CNDF ၊ Zomi PDF ၊ RKDF (ရိန်းဂျားကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲံ) နှင့် ပ.က.ဖ -ပြည်သူ့ကာကွယ်ရေးတပ်(ကလေး) ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီ၆ ရက်ကတည်းက ခုခံတိုက်ခိုက်လျက်ရှိပြီး လမ်းကြောင်းတလျှောက် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု PDF(ကလေး) ကထုတ်ပြန်ထားသည်။
People's Spring
No comments:
Post a Comment