စစ်ကိုင်းတွင် ရဲစခန်းမှူးနှင့် ဒလန်ကို စစ််တပ်ကင်းပုန်းမှ မှားယွင်းပစ်ခတ်သဖြင့် စခန်းမှူးဒဏ်ရာရကာ၊ ဒလန်ဖြစ်သူသေဆုံး

ဓာတ်ပုံ_အဟောင်း - စစ်ကိုင်းတိုင်းအဝင်အထွက်တွင် ကားများ ဆိုင်ကယ်များကို စစ်ဆေးနေသော စစ်ကောင်စီအဖွဲ့ဝင်များ

ဇန်နဝါရီ ၆ ရက်

စစ်ကိုင်းတိုင်း၊ မန္တလေး - မုံရွာလမ်းပေါ်ရှိ၊ နုံးတွင်းကျေးရွာနှင့် ညောင်ပင်ဝန်းရွာများ အနီးတွင် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်က ကင်းပုန်းစောင့်နေသော အကြမ်းဖက်စစ်သားများမှ အမျိုးသား ၃ ဦးကို ပစ်ခတ်သဖြင့် ထိမှန်သူတစ်ဦး ပွဲချင်းပြီး သေဆုံးကာ၊  နှစ်ဦးမှာ ဒဏ်ရာဖြင့် ဆေးရုံတင်ကုသနေရသည်ဟု သိရသည်။

ပစ်ခတ်ခံရသူများမှာ ညောင်ပင်ဝန်းရွာ ရဲစခန်းမှူး၊ ရဲတပ်သားတစ်ဦးနှင့် စစ်တပ်သတင်းပေးတို့ ဖြစ်ကြပြီး၊ စစ်သားများ၏ ပစ်ခတ်မှုကြောင့် စစ်တပ်သတင်းပေးဒလန်ဆိုသူမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။

ဒါပြင် စခန်းမှူးမှာလည်း ဒဏ်ရာပြင်းထန်ကာ၊ ရဲတပ်သားမှာလည်း ပေါင်ကိုကျည်ထိမှန်ဒဏ်ရာရ၍ ဆေးရုံတက်ကုသနေရသည်ဟု ဒေသတွင်းသတင်းများမှ သိရှိရပါသည်။ 


HTY Information

စစ်ကိုင်းတွင် ရဲစခန်းမှူးနှင့် ဒလန်ကို စစ််တပ်ကင်းပုန်းမှ မှားယွင်းပစ်ခတ်သဖြင့် စခန်းမှူးဒဏ်ရာရကာ၊ ဒလန်ဖြစ်သူသေဆုံး စစ်ကိုင်းတွင် ရဲစခန်းမှူးနှင့် ဒလန်ကို စစ််တပ်ကင်းပုန်းမှ မှားယွင်းပစ်ခတ်သဖြင့် စခန်းမှူးဒဏ်ရာရကာ၊ ဒလန်ဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 22:43 Rating: 5

No comments:

Powered by Blogger.