စစ်ကိုင်း၊ ဇန်နဝါရီ ၁၉
စစ်ကိုင်းမြို့လယ်၌ လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်သည်ဟု နာမည် ကြီးနေသည့် စကစအုပ်စု မှာ ယနေ့ နေ့လည်ပိုင်းတွင် ဗုံးဖြင့် ပစ်ခတ်ခံရကြောင်း မြို့ခံများထံကသိရသည်။
ယနေ့ နေ့လည်(၁၂)နာရီခွဲ ဝန်းကျင်က စစ်ကိုင်းမြို့ မြို့မစျေးအနီး ချင်းစုလမ်းဆုံ၌ လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီးနေသော စစ်ကောင်စီလက်အောက်ခံ ရဲ၊ မော်တော်ပီကယ်များနှင့် စစ်ကောင်စီတပ်သားများကို လက်ဗစ်ဗုံးနှင့် ထုသွားကြောင်း သိရသည်။
“အထိအခိုက် အခြေအနေတော့ အတိအကျ မသိသေးဘူး။ ဗုံးနဲ့ထုတဲ့သူတွေ လွတ်သွားတယ်၊တစ်ခါတလေဆိုရင် လူငယ်တွေကို ဒူးထောက်ခိုင်းပြီး ပါးတွေပါရိုက်တာ။ ညဘက်တွေလည်း တစ်မြို့လုံးလှည့်ပြီး ပစ်ချင်ပစ်နေတာ "ဟု စစ်ကိုင်းမြို့ခံတစ်ဦးကဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကိုင်းမြို့တွင်းရှိ တပ်မ၃၃နှင့် အမြှောက်တပ်ကိုလည်း သေနတ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ခဲ့သေးသည်။
Lu Nge Khit
No comments:
Post a Comment