ငါးဆူတောင်တွင် ဒလန်ဟု ကျော်ကြားသူတစ်ဦး ပစ်သတ်ခံရ


ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ငါးဆူတောင်ဒေသတွင် ယမန်နေ့ ဇန်နဝါရီလ ၁၆ရက်နေ့ ညနေ ၅နာရီအကျော်ခန့်က ဒေသခံများ​က ဒလန်ဟု သတ်မှတ်ထားသူ ကိုလှဌေးကို အမည်မသိအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ငါးဆူတောင် လေးရပ်ကွက်တွင် နေထိုင်သူ အသက်လေးဆယ်ခန့်ရှိပြီဖြစ်သော ကိုလှဌေးသည် ၄င်း၏နေအိမ်ရှေ့တွင် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကာ လှည်းကူးမြို့နယ်ဆေးရုံတွင်သေဆုံးခဲ့သည်ဟု ဒေသခံများမှဆိုသည်။

" ငါးဆူတောင်မှာသူက တကယ်နာမည်ကြီးပဲ။ ဒေသခံတွေက သူ့နာမည်ကို အဖွဲ့စည်းတွေဆီတိုင်ထားတာတွေလည်းရှိတယ်။ မနေ့ကညနေကဖြစ်သွားတာ " ဟု ငါးဆူတောင်ဒေသခံတစ်ဦးကဆိုသည်။ 

ထိုပစ်ခတ်မှုကို မည်သည်အဖွဲ့ကလုပ်ဆောင်ကြောင်း ထုတ်ပြန်ထားခြင်းမျိုးမရှိသေးပေ။

ဒလန်ဆိုသူအပစ်ခံရ​ပြီးနောက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် အနီးနားနေရာများတွင် သေနတ်ပစ်ဖောက်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

လှည်းကူးလူမှုပလက်ဖောင်း


Hlegu Luumhu Platform

ငါးဆူတောင်တွင် ဒလန်ဟု ကျော်ကြားသူတစ်ဦး ပစ်သတ်ခံရ ငါးဆူတောင်တွင် ဒလန်ဟု ကျော်ကြားသူတစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:54 Rating: 5

No comments:

Powered by Blogger.