ရေစကြို၊ ဇန်နဝါရီ ၁၃၊ ၂၀၂၂။
ရေစကြိုက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ဇန်နဝါရီ ၁၃ ရက် မနေ့ကနေ့လည်ပိုင်းမှာ သေနတ်နဲ့ပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရပ်သာအုပ်စု၊ ရပ်သာကျွန်းကျေးရွာက ဦးသန်းဇော်ဆိုသူဖြစ်ပြီး စစ်ကောင်စီနဲ့ပက်သက်ဆက်ဆံ၊ သတင်းပေးတိုင်ကြားတာတွေလုပ်နေတာကြောင့် ခုလိုပစ်ခတ်ခံရတာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။
“ ၁ နာရီနဲ့ ၂ နာရီကြားလောက်မှာဖြစ်သွားတာ၊ အဲဒီလူကကြံ့ခိုင်ရေးအဖွဲ့ဝင်ပါ၊ အရင်ကစစ်ကောင်စီသတင်းပေးလုပ်တယ်၊ ဘယ်ရွာမှာ PDF တွေရှိတယ်ဆိုပြီးလည်း သတင်းပေးလုပ်ဖူးတယ်၊ “ လို့သူကပြောပါတယ်။
ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာကိုတော့ ခုချိန်ထိမသိရသေးပဲ ဒီဖြစ်စဉ်မတိုင်ခင်ကတော့ အဲ့ဒီအုပ်ချုပ်ရေးမှူးအိမ်ကို PDF တဖွဲ့က အောက်တိုဘာလ ၂၀ရက်က ဗုံးခွဲသတိပေးခဲ့သေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment