နောင်မွန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခံရသည့် ဦးမခွမ်ကန် ရမ်ဆိန်းကို အကျဥ်ထောင်သို့ ပို့


Jan 7,2022

ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် စစ်ကောင်စီတပ်က မတရားဖမ်းဆီးခေါ်ဆောင်သွားသည့် ဦးမခွမ်ကန် ရမ်ဆိန်းကို ဇန်နဝါရီလ ၆ရက်နေ့တွင် ပူတာအိုအကျဥ်းထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံရသည့် ဦးမခွမ်ကန် ရမ်ဆိန်းသည် အသက် ၄၀ နှစ်အရွယ် နောင်မြို့ ရပ်ကွက် (၂)တွင် နေသူတစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၃ရက်နေ့ တွင် စစ်ကောင်စီတပ်သားများက အရပ်ဝတ်ဖြင့် သူ၏ နေအိမ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပါသည်။

"မနေ့ကဘဲ ပူတာအိုအကျဥ်းထောင်ကို ပို့လိုက်တယ်လို့ကြားတယ်။ သူက စစ်ကောင်စီကနေ ဝမ်းထုတ်ထားတဲ့သူဖြစ်တယ်။ အိမ်ကို ပြန်လာတာ ၂ပတ်လောက်ဘဲ ရှိသေးတယ်။ စစ်ကောင်စီတပ်သားတွေက ပြန်ဖမ်းတာဟုတ်တယ်"ဟုပြောဆိုသည်။

ဦးမခွမ်ကန် ရမ်ဆိန်းသည် နောင်မွန်မြို့နယ် NLD ပါတီ၏ ဦးဆောင်ကော်မတီးဝင်တစ်ဦးဖြစ်သည့် အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် မတ်လ ၃ရက်နေ့တွင် နောင်မွန်လူငယ်များဦးစီးပြုလုပ်သည့် 'မြန်မာနိုင်ငံတရားမျှတမှုအမြန်ဆုံးရောက်ရှိလာရေး'ဆုတောင်းပွဲတွင် ပါဝင်လှုပ်သူတစ်ဦးဖြစ်သည်ဟု စစ်တပ်က ၅၀၅(က)ပုဒ်ဖြင့်တရားစွဲဆိုခံရမှုတွင်ပါဝင်သူတစ်ဦးဖြစ်သည်။

အဆိုပါဆုတောင်းပွဲတွင် တက်ရောက်ခဲ့သည့် ဓမ္မဆရာတော်များကိုဖမ်းဆီမှုများပြုလုပ်စဥ်ခဲ့တွင် ဦးမခွမ်ကန် ရမ်ဆိမ်သည် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ပြန်လည် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

ထိုဆုတောင်းပွဲ တက်ရောက်မှုကြောင့် ပြီးခဲ့သောမေလ ၂၈ရက်နေ့တွင်  ဆရာတော် ၃ဦးကို ဖမ်းဆီးခဲ့ပြီး ၅ လခန့်အကြာ ဆရာတော် ၃ဦး အကျဥ်းထောင်မှ လွတ်မြောက်လာခြင်းဖြစ်ပါသည်။

ဖမ်ဆီးခံရပြီး ပြန်လည်လွတ်လာသည့် ဆရာတော် ၃ပါးမှာ ဆရာဂိုရှန်ဆင်ဆားရ်(နှစ်ခြင်းခရစ်ယာန်အသင်းတော်)၊ ဆရာတော်ဇဂေါန်ထီန(ခရစ်တော်၏ အသင်းတော်)၊ သိက္ခတော်ရ ဆရာတော် မဟောင်ဒီး(ရဝမ်နှစ်ခြင်းအသင်းတော်)တို့မှဖြစ်ကြသည်။


Kachin News Group 

နောင်မွန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခံရသည့် ဦးမခွမ်ကန် ရမ်ဆိန်းကို အကျဥ်ထောင်သို့ ပို့ နောင်မွန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခံရသည့် ဦးမခွမ်ကန် ရမ်ဆိန်းကို အကျဥ်ထောင်သို့ ပို့ Reviewed by THITHTOOLWIN on 18:44 Rating: 5

No comments:

Powered by Blogger.