မုံရွာတွင် စစ်ကောင်စီအုပ်ချုပ်ရေးမှူးအိမ်အပါအဝင်နေရာအနှံ့ စစ်ကောင်စီကင်းပုန်းဝပ်ရာများကို ဗုံးခွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်ရေးမှူးနေအိမ်အပါအဝင် နေရာအနှံ့မြို့ပြပြောက်ကျားတပ်ဖွဲ့များ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
ယနေ့( ဇန်နဝါရီ၈ ရက်) မွန်းလွဲပိုင်းမှစတင်ကာ မြေနဲ မင်းရွာ၊ ပုရစ်တောင်ရွာ၊ တောပုရွာ စစ်ကောင်စီကင်းပုန်းရာနေရာများ၊ ပုရစ်ကုန်းမြောက်ရွာနှင့်တောင်ရွာ၊တောပု၊အောင်မင်္ဂလာမီးပွိုင့်၊ ဘုရားနီ၊ ဇောတိကဘုန်းကြီးကျောင်းစသည့်စစ်ကောင်စီကင်းပုန်းဝပ်ရာနေရာများ ၊ ထန်းတောအုပ်ချုပ်ရေးမှုး ဘိုဝင်းနေအိမ် စသည့်နေရာများကို မဟာမိတ်အဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့များက အသိပေးသည်။
ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကိုမူလုံခြုံရေးအခြေအနေအရ စောင့်မကြည့်နိုင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
အဆိုပါဖောက်ခွဲမှုကို Monywa The Boys၊Monywa NightKing၊MonywaNinjaနှင့်Red Code Revolutionမြို့ပြပြောက်ကျားအဖွဲ့၄ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။
မုံရွာမြို့နေ မိဘပြည်သူများအနေဖြင့် နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီအတွင်း ကျန်းမာရေးကိစ္စမှအပ ပြင်ပသို့သွားလာခြင်းမပြုကြရန်နှင့် စစ်ဆေးရေးဂိတ်အနီး တပ်ဆွဲထားသောနေရာများအနီးရှောင်သွားကြပါရန် အထူးမေတ္တာရပ်ခံကြောင်း ယနေ့နံနက်ပိုင်းက မြို့ပြပျောက်ကျားအဖွဲ့များက ကြိုတင်အသိပေးခဲ့သည်။
People's Spring
No comments:
Post a Comment