စစ်ကိုင်း ဆားတောင်မြို့၌ ဆက်ကြေးတောင်းနေသူ စကစ နယ်ထိန်းရဲကို သုတ်သင်ရှင်းလင်း


MFP ၊ ဇန်နဝါရီ - ၁၃

စစ်ကိုင်းမြို့နယ် ဆားတောင်မြို့၌ ဆက်ကြေးလိုက်တောင်းနေသူ စကစ လက်နက်ကိုင် နယ်ထိန်းရဲ သန်းတိုးအောင်ကို ယမန်နေ့ ညပိုင်းတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း Poisonous Young People – MDY အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ(၁၂)ရက် ည(၉)နာရီကျော်အချိန်က နယ်ထိန်း သန်းတိုးအောင်ကို လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေသည်ဟု ဆိုသည်။

အဆိုပါ စကစ လက်နက်ကိုင်သည် ပြီးခဲ့သည့် အောက်တိုဘာက ဆားတောင်မြို့အနီးရှိ PDF ယာယီစခန်းကို စစ်အုပ်စုက လူနာတင်ကားများ၊ ပရဟိတကားများ အသုံးပြု၍ စီးနင်းခဲ့ရာတွင် ပါဝင်ခဲ့သူဖြစ်ကြောင်းလည်း PYP – MDY က ဆိုသည်။

နောက်နောင်တွင်လည်း အများပြည်သူထံမှ ဆက်ကြေးကောက် တောင်းစားနေသော အကြမ်းဖက် အာဏာရူးစစ်ကောင်စီ၏ လက်ပါးစေများကို ဆက်လက်ရှင်းလင်း သုတ်သင်မည်ဟု PYP – MDY က ထုတ်ပြန်ထားသည်။

Mandalay Free Press - MFP

စစ်ကိုင်း ဆားတောင်မြို့၌ ဆက်ကြေးတောင်းနေသူ စကစ နယ်ထိန်းရဲကို သုတ်သင်ရှင်းလင်း စစ်ကိုင်း ဆားတောင်မြို့၌ ဆက်ကြေးတောင်းနေသူ စကစ နယ်ထိန်းရဲကို သုတ်သင်ရှင်းလင်း Reviewed by THITHTOOLWIN on 09:43 Rating: 5

No comments:

Powered by Blogger.