ဂန့်ဂေါနယ်မြစ်ညာဒေသမှာ စစ်တပ်က ပျူစောထီးတွေကို လက်နက်ပေးမည်ဟု သတင်းထွက်နေ၊ စစ်တပ်က တန်ပြန်ပြည်သူ့စစ်ကို သုံးမည်ဟုဆို
ဂန့်ဂေါ ဇန်နဝါရီ ၂၃
ဂန့်ဂေါနယ် မြစ်ညာဒေသ ရွာတစ်ချို့က ပျူစောထီးတွေကို စစိတပ်က လက်နက်တပ်ဆင်ပေးမယ်လို့ ခိုင်လုံတဲ့သတင်းများအရ သိရပါတယ်။ လက်ရှိမှာ ဂန့်ဂေါနယ်အတွင်း စစ်တပ်အင်အားမလုံလောက်တာကြောင့် ပျူစောထီးတွေ အင်အားတိုးလာအောင် စစ်တပ်ဘက်က ဆောင်ရွက်နေပါတယ်။
ဂန့်ဂေါနယ် မြောက်ပိုင်း ဟံသာဝတီ၊မြောက်ခင်ရန်း၊ ကုက္ကား စတဲ့ရွာတွေမှာတော့ စစ်တပ်နဲ့ ဘူးလက်လှဆွေရဲ့ ထောက်ပံ့ပေးမှုကြောင့် ပျူစောထီးတွေ ကြီးစိုးထိန်းချုပ်နိုင်နေပြီး ပြည်သူတွေအပေါ်အနိုင်ကျင့်၊အကြမ်းဖက်တာတွေ ကျူးလွန်နေကြပါတယ်။ မကွေးတိုင်းစစ်ကောင်စီကလည်း တန်ပြန်ပြည်သူ့စစ်ကို အသုံးပြုမယ်လို့ အစည်းအဝေးတစ်ခုမှာ ပြောသွားပြီး စစ်တပ်အနေနဲ့ လာမယ့်ကာလမှာ ပျူစောထီးတွေကို ပိုမိုထောက်ပံ့ အသုံးချလာဖွယ်ရှိကာ ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအတွက် အထူးသတိထားစောင့်ကြည့်ရမယ့် အန္တရာယ်တစ်ရပ် ဖြစ်လာနေပါတယ် ။
Gangaw Youths Voice
No comments:
Post a Comment