ဘိုကလေးမြို့နယ်တွင် စစ်ကောင်စီဒေါက်တိုင်များက အရက်တိုက်၊ထမင်းကျွေးကာ စစ်တပ်နှင့်ပြည်သူစစ်တို့ကို တပ်စွဲခိုင်းပြီး တစ်အိမ်တက်ဆင်း ရှာဖွေမှုများပြုလုပ်


ဘိုကလေး၊ ဇန်နဝါရီ ၁၉ ရက်

ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်၊ကျီစုကျုံဖားကျေးရွာအုပ်စု၊ကျီစုကျေးရွာတွင် စစ်ကောင်စီနှင့်ပြည်သူစစ်တို့ပူးပေါင်းကာ ဇန်နဝါရီလ ၁၈ ရက်နေ့နံနက်ပိုင်း ၇ နာရီဝန်းကျင်ကစတင်ပြီး တပ်ဆွဲထားကြောင်းဒေသခံများထံကသိရသည်။


အဆိုပါ စစ်ကောင်စီတပ်သား၊ပြည်သူ့စစ်နှင့် ပျူစောထီးများကို ရာအိမ်မှူး ဝင်ခိုင်အိမ်တွင် ၁၈ ရောက် ညအိပ်တည်ခိုးပြီး ကျီစုဘုန်ကြီးကျောင်းတွင်လည်း တည်ခိုနေကြောင်းဒေသခံများထံကသိရသည်။ 

"အေးအေးချမ်းချမ်းနေကြဖို့ PDF တွေရှိရင်သတင်းပေးဖို့ပြောတယ်။ အများစု စစ်ကောင်စီထက် ပြည်သူစစ်က ထက်ဝက်ကျော်လောက် အင်အားပါလာတယ်။ အယောက် ၄၀ လောက်မှာ သေနတ်မပစ်တတ်တဲ့ ပြည်သူ့စစ်က ၁၅ ​ရောက်လောက်ပါတယ်"ဟု ၎င်းဒေသခံက ဆက်လက်ပြောဆိုသည်။

ကျေးရွာအုပ်စု လုံခြုံရေးအတွက်ဟု သတင်းလွှင့်ကာ ကျီးစုအုပ်ချုပ်ရေးမှူး ကျော်စိုးဦးဆောင်ကာနံနက်ပိုင်း စစ်ကောင်စီအင်အား ၂၀ ဝန်းကျင် ကင်းလှည့်နေကာ ညပိုင်း ၂၀ ဝန်းကျင် အလှည့်ကျကင်လှည့်မည်ဟု ဒေသခံအချ်ို့ကဆိုသည်။

မော်လမြိုင်ကျွန်း မြို့နယ် ဒလင်းလှည်းဆိပ်ကျေးရွာတွင်လည်း တစ်နေရာ စစ်ကောင်စီတပ်သား( ၅)ယောက်ဝန်းကျင် နေ့ရာ ၄ နေရာခွဲကာကင်စောင့်နေကြောင်း ဒေသခံအချ်ို့ထံမှ သိရသည်။

ဘိုကလေးမြို့နယ်တွင် ဒိုင်နယ်ကို စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်လာရောက်မည်ဟုသတင်းထွက်ပေါ်နေပြီး ပျဉ်းမကုန်းရွာကျေးရွာကိုလည်း စစ်ကောင်စီနှင့်ပြည်သူစစ်၊ပျူစောထီးများက တအိမ်တက်ဆင်း ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။


Ayeyarwaddy Times 

ဘိုကလေးမြို့နယ်တွင် စစ်ကောင်စီဒေါက်တိုင်များက အရက်တိုက်၊ထမင်းကျွေးကာ စစ်တပ်နှင့်ပြည်သူစစ်တို့ကို တပ်စွဲခိုင်းပြီး တစ်အိမ်တက်ဆင်း ရှာဖွေမှုများပြုလုပ် ဘိုကလေးမြို့နယ်တွင် စစ်ကောင်စီဒေါက်တိုင်များက အရက်တိုက်၊ထမင်းကျွေးကာ စစ်တပ်နှင့်ပြည်သူစစ်တို့ကို တပ်စွဲခိုင်းပြီး တစ်အိမ်တက်ဆင်း ရှာဖွေမှုများပြုလုပ် Reviewed by THITHTOOLWIN on 22:24 Rating: 5

No comments:

Powered by Blogger.