ကဝ၊ ဇန်နဝါရီ ၁၂၊ ၂၀၂၁။
ပဲခူးတိုင်း၊ ကဝမြို့နယ်က ကြံ့ခိုင်ရေးပါတီဝင်အမျိုးသားတဦး ဒီနေ့ နေ့လယ် ၂နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပဲခူးခရိုင်၊ ကဝမြို့နယ် ဇင်းဘုကျေးရွာ မှာနေတဲ့ ဦးကျော်ကျော် ကို ရှမ်းကန်- ကဝ လမ်းမ ရှမ်းကန်ရွာ အနီးမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ၆ချက်ပစ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
" ကြံ့ခိုင်ရေးပါတီအမာခံတစ်ဦး၊ တော်လှန်ရေးလုပ်နေတယ့်သူတွေကိုသတင်းပေးပြီးဖမ်းခိုင်းတယ်။ ပြည်သူတချို့ကိုလဲလုပ်ကြံသတင်းပေးပြီးဖမ်းခိုင်းတယ်။ သူ့ကြောင့်အဖမ်းခံရတယ့်သူတွေများတယ်" လို့ ဒေသခံ တဦးက ပြောပါတယ်။
သေဆုံးသွားတာ အတည်ပြုလို့ရပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာမျိုးတော့ ထုတ်ပြန်တာမျိုး မရှိသေးတာဖြစ်လို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခံလိုက်ရတဲ့ နေရာကို စစ်ကောင်စီအင်အားအများအပြားနဲ့ စစ်ဆေးနေပြီး ကဝမြို့ထဲကို ပိတ်ဆို့ထားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment