တိုက်ပွဲပြင်းထန်နေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်များက အပြစ်မဲ့ပြည်သူ ၂ ဦးအား စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်


လွိုင်ကော်၊ ဇန်နဝါရီ ၂၁ ရက်

စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်နှင့် PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ ယနေ့တွင် စစ်ကောင်စီတပ်များက အပြစ်မဲ့ပြည်သူ ၂ ဦးအား စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ ၂ ဦးမှာ တိုက်ပွဲများ ဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်များ၏ စနိုက်ပါဖြင့် ပစ်ခတ်ခံခဲ့ရသူ ဒေါဥခူရပ်ကွက်နေ ပြည်သူ ၂ ဦးဖြစ်​ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

" တိုက်ပွဲဖြစ်နေတဲ့အချိန် သူတို့ဘာကြောင့် အပစ်ခံရလဲဆိုတာတော့ မသိရဘူး။ အလောင်းသွားကောက်တဲ့အချိန်မှ သူတို့ ၂ ယောက် သေမှန်းသိရတယ်။ ခေါင်းတွေချည်း အပစ်ခံထားရတာ" ဟု လွိုင်ကောင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များက လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်တဝိုက်တွင် လေကြောင်းဖြင့် ကင်းထောက်မှုများပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကာ မိုင်းလုံးရပ်ကွက်ရှိ GTC ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား ဇန်နဝါရီလ လဆန်းပိုင်းမှ စတင်ကာ ယနေ့အချိန်အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ​ဒေသခံပြည်သူအများစုမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရ​ကြောင်း ​ဒေသခံများထံမှသိရသည်။


Ayeyarwaddy Times 

တိုက်ပွဲပြင်းထန်နေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်များက အပြစ်မဲ့ပြည်သူ ၂ ဦးအား စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ် တိုက်ပွဲပြင်းထန်နေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်များက အပြစ်မဲ့ပြည်သူ ၂ ဦးအား စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ် Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.