တိုက်ကြီးမြို့အတွင်း မီးပျက်တုန်းကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးပစ်သတ်ခံရ

 


တိုက်ကြီးမြို့အတွင်း မီးပျက်တုန်းကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးပစ်သတ်ခံရ၊စစ်ကောင်စီက အနီး ပတ်ဝန်းကျင်ကိုမေးမြန်းသော်လည်း မီးပျက်နေ၍ ဘာမှမမြင်ရဟု ပြန်လည်ဖြေကြားခဲ့ကြောင်းသိရ

ဇန်နဝါရီ ၁၁ ရက်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ အတွင်းကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား၂ ဦး ယနေ့ည ၈ နာရီဝန်းကျင်က တိုက်ကြီးမြို့၊အင်းကုလားရပ်ကွက်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကထံက သိရပါတယ်။

ပစ်သတ်ခံရချိန်မှာ တိုက်ကြီးမြို့မှာမီးပျက်နေတာ ဖြစ်ပြီး ပစ်ခတ်ခံရတဲ့ဒဏ်ရာတွေနဲ့ စစ်ကောင်စီ တပ်သား ၂ ဦးလုံးသေဆုံးခဲ့တယ်လို့ တိုက်ကြီးမြို့ ဒေသခံတဦးက အတည်ပြုပြောဆိုပါတယ်။

ပစ်သတ်ခံရတဲ့စစ်ကောင်စီတပ်သားတွေဟာ တိုက်ကြီးမြို့အခြေစိုက် အမှတ်(၄)ဆောက်လုပ်ရေးအင် ဂျင်နီယာတပ်( GE-4)က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး တိုက်ကြီးမြို့အတွင်းကင်းလှည့်နေတုန်း အမည်မသိလူများက ပစ်သတ်သွားတာလို့ဆိုပါတယ်။

" ခု ၈ နာရီလောက်ကပစ်သတ်ခံလိုက်ရတယ်။ ၂ ယောက် လုံးသေသွားတယ်။ တိုက်ကြီး GEတပ်က စစ်သားတွေလို့သိရတယ်။  သူတို့မှာသေနတ်တွေပါတယ် ဖြစ်တုန်းကမီးတွေပျက်နေတာ သူတို့ဘာမှမမြင်ဘူးထင်တယ်။ ဘာမှပြန်မလုပ်နိုင်လိုက်ဘူးဒီတိုင်း ပစ်ခံလိုက်ရတယ်။''ဟု တိုက်ကြီးမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုဆက်သွယ်ပြောဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးခဲ့နောက်မှာ ပစ်ခတ်သူတွေက လွတ် မြောက်သွားတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေရောက်ရှိလာသော်လည်း ပစ်တဲ့သူတွေက မီးပျက်နေတာကြောင့် ဘာမှမမြင်ရလို့ ဘာမှမေးမရတာကြောင့် အနီးပတ်ဝ န်းကျင်ကိုဆဲဆိုတာတွေပြု လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဟိန်းစံ/ဧရာဝတီတိုင်းမ် / Ayeyarwaddy Times 

တိုက်ကြီးမြို့အတွင်း မီးပျက်တုန်းကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးပစ်သတ်ခံရ တိုက်ကြီးမြို့အတွင်း မီးပျက်တုန်းကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးပစ်သတ်ခံရ Reviewed by THITHTOOLWIN on 07:19 Rating: 5

No comments:

Powered by Blogger.