ဇန်နဝါရီ - ၆
စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ ခရိုင်အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ယနေ့ ဇန်နဝါရီ(၆)ရက်တွင် ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း Shwebo Justice Force (SJF) အဖွဲ့က သတင်းထုတ်ပြန်သည်။
"ရွှေဘိုမြို့ အမှတ် (၃) ရပ်ကွက်ရှိ စစ်ကျွန် ခ.ယ.က အုပ်ချုပ်ရေးမှူးနေအိမ်သို့ Shwebo Justice Force(SJF) အဖွဲ့မှ နာနာတ်သီး လက်ဆောင်ပေးပို့ ''အုန်း''ခဲ့ပါတယ်"ဟု ယင်းအဖွဲ့က ဆိုသည်။
အဆိုပါ ခရိုင်အုပ်ချုပ်ရေးမှူး၏ နေအိမ် ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲမှုနှင့် ပတ်သက်၍ အထိအခိုက် အပျက်အစီး အခြေအနေ အသေးစိတ် မသိရသေးပါ။
ရွှေဘိုမြို့၌ ပသ်ခတ်သံ၊ ပေါက်ကွဲသံများ မကြာခန ကြားနေရပြီး ယနေ့ ဖြစ်စဉ်နှင့် ပတ်သက်၍ အခြေအနေ မသိရသေးဟု ရွှေဘိုမြိုကခံတစ်ဦးက MFP သို့ ပြောသည်။
“နောက်နောင်တွင်လည်း ရွှေဘိုမြို့တွင်းရှိ စစ်ကျွန်ဝန်ထမ်းများနှင့် သာကူးများ၏ အသက်အိုးအိမ်များကို SJF အဖွဲ့အနေဖြင့် သင့်လျော်သော တရားစီရင်မှုများ ဆက်လက် ဆောင်ရွက်သွားမည်” ဟု SJF က ထုတ်ပြန်သည်။
ထို့အပြင် အများပြည်သူ အနေဖြင့်လည်း ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှတဆင့် မှန်ကန်သော သတင်း အချက်အလက်များ ပေးပို့ခြင်းဖြင့် စစ်အာဏာရှင် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ပေးကြပါရန် SJF က တောင်းဆိုထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment