ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာက ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရပြီး ယနေ့အချိန်ထိ အလောင်းလာကောက်သူမရှိ


ဇန်နဝါရီ ၁၈ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာမှ ပျူစောထီး မိုးကျော်ဆိုသည့် အဖွဲ့ဝင်တစ်ဦး ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၂ နာရီတွင် အသတ်ခံရကြောင်း ဒေသခံများထံကသိရသည်။


ပျူစောထီးအဖွဲ့ဝင် မိုးကျော်ဆိုသူသည် အသက် ၃၇ နှစ် ဝန်းကျင်ရှိပြီး ဇန်နဝါရီလ ၁၇ ရက်နေ့ တွင် ဗိုလ်စနေအဖွဲ့မှ ရှင်းလင်းသုတ်သင်ခဲ့ကာ ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ညနေပိုင်း အချိန်ထိ အလောင်းလာကောက်ယူသူ မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါသေဆုံးသူ (ပျူစောထီးအဖွဲ့ဝင်) ကျော်မိုးဖြစ်သည် ယခင်က တောင်ယာနှင့် ကွမ်းရောင်းဝယ်ရေးဖြင့် အလုပ်လုပ်ကိုင်နေသူတဦးဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပေါင်းကာ နေ့စဥ် နယ်မြေတော်လှန်ရေးသများကို သတင်းပေးနေသူတဦးဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ချောင်းဦးမြို့နယ် ပျူစောထီးအဖွဲ့ဝင်သည် ကျေးရွာနေပြည်သူများကို ဒုက္ခပေးနေသည့်အတွက်ကြောင့် ပျူစောထီးနှင့်စစ်ကောင်စီဒလန်းများကို ရှင်းလင်းခဲ့ရသည်ဟုလည်း ဗိုလ်စနေအဖွဲ့ မှ ဧရာဝတီတိုင်းမ်ကိုပြောပါသည်။


Ayeyarwaddy Times 

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာက ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရပြီး ယနေ့အချိန်ထိ အလောင်းလာကောက်သူမရှိ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာက ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရပြီး ယနေ့အချိန်ထိ အလောင်းလာကောက်သူမရှိ Reviewed by THITHTOOLWIN on 22:37 Rating: 5

No comments:

Powered by Blogger.