မင်းတပ်ရှိ ဒေါက်တာ အငြိမ်းဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ် ဖျက်ဆီး


လက်ရှိအာဏာသိမ်းကာလ၌ ပြည်သူများ၏ လှူဒါန်းမှုများဖြင့် တည်ဆောက်ထားသော ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ ဇန်နဝါရီလ ၅ ရက်တွင် ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

" တော်လှန်ရေး ကာလမှာ အများပြည်သူအတွက် ဒေါက်တာအငြိမ်းမှ ဦးစီး၍  မင်းတပ်​မြို့နယ်တွင် တည်ဆောက်ထားသည့် ရှားရှားပါးပါး ဆေးရုံကို စကစ တပ်များမှ ဝင်ရောက်ဖျက်စီး။ အိမ်ခြေတိုင်အားလုံး ခုတ်၊ စစ်ဘေးရှောင်ဆန်တွေကိုပါ ဓါတ်ဆီ လောင်းဖျက်စီးနေ " ဟု ဒေသခံတစ်ဦးကဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ 

ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော အဆိုပါ အဆောက်အုံမှာ ရှစ်ရွာတွင်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကရစရာ မရှိအောင် ရိုက်နှက်ဖျက်ဆီးခဲ့ကြပြီး ပြည်သူ့ နေအိမ်တစ်လုံး ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


သံလွင်ခက် - Than Lwin Khet News

မင်းတပ်ရှိ ဒေါက်တာ အငြိမ်းဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ် ဖျက်ဆီး မင်းတပ်ရှိ ဒေါက်တာ အငြိမ်းဆေးရုံကို  အကြမ်းဖက်စစ်ကောင်စီတပ် ဖျက်ဆီး Reviewed by THITHTOOLWIN on 00:21 Rating: 5

No comments:

Powered by Blogger.