တန့်ဆည်မြို့ရှိ ပြည်ခိုင်ဖြိုးအမတ်ဟောင်း၏ ဓာတ်ဆီဆိုင် တိုက်ခိုက်ခံရ၊ ဆိုင်အတွင်းမှ လက်လုပ်သေနတ် သိမ်းယူနိုင်ဟုဆို၊


ဇန်နဝါရီ - ၂၀

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) လွှတ်တော် အမတ်ဟောင်း ဦးတင်မြင့် ပိုင်ဆိုင်သော ရွှေဒေါင်းမင်း ဓာတ်ဆီအရောင်းဆိုင် ယနေ့ နေ့လည်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး မီးရှို့ခံရကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီ(၂၀)ရက် နေ့လည်(၁)နာရီတွင် တန့်ဆည်မြို့ရှိ စစ်ကောင်စီ၏ အကြီးဆုံးထောက်တိုင်ဖြစ်သော ရွှေဒေါင်းမင်း ဆီဆိုင်ကို ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု တန့်ဆည်ပြည်သူ့ရဲ့ဘော်အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ထိခိုက်မှုအခြေအနေကို ထုတ်ပြန်ထားခြင်း မရှိသော်လည်း လက်လုပ်သေနတ်တစ်လက် သိမ်းယူနိုင်ခဲ့ကြောင်း တန့်ဆည်ပြည်သူ့ရဲ့ဘော်အဖွဲ့က ဆိုသည်။

“စစ်ကောင်စီမှ လုံခြုံရေးအနေဖြင့် ပေးထားသည့် လက်လုပ်သေနတ်တစ်လက် ရရှိခဲ့ပါသည်။ ပြည်သူ့ရဲဘော်အားလုံး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်” ဟု တန့်ဆည်ပြည်သူ့ရဲ့ဘော်အဖွဲ့က ဖော်ပြသည်။

အဆိုပါ ဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်ကား နှစ်စီးဖြင့် ငြိမ်းသတ်နေကြောင်း၊ ဓာတ်ဆီဆိုင် မီးလောင်ပြီးနောက် စကစများ ချက်ချင်းရောက်ရှိလာပြီး သေနတ်ဖောက် နေသည်ဟု Taze News ကလည်း ဖော်ပြသည်။

ထိုသို့ ရွှေဒေါင်းမင်းဆီဆိုင် မီးလောင်ပြီးနောက် စကစမျာက ရမ်းကား ပစ်ခတ်သဖြင့် ဒေသခံ သုံးဦး သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

တိုက်ခိုက်ခံရသော ရွှေဒေါင်းမင်း ဆီဆိုင်ပိုင်ရှင် ဦးတင်မြင့်သည် ၂၀၁၁- ၂၀၁၆ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် တန့်ဆည်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဖြစ်သည်။


Mandalay Free Press - MFP

တန့်ဆည်မြို့ရှိ ပြည်ခိုင်ဖြိုးအမတ်ဟောင်း၏ ဓာတ်ဆီဆိုင် တိုက်ခိုက်ခံရ၊ ဆိုင်အတွင်းမှ လက်လုပ်သေနတ် သိမ်းယူနိုင်ဟုဆို၊ တန့်ဆည်မြို့ရှိ ပြည်ခိုင်ဖြိုးအမတ်ဟောင်း၏ ဓာတ်ဆီဆိုင် တိုက်ခိုက်ခံရ၊ ဆိုင်အတွင်းမှ လက်လုပ်သေနတ် သိမ်းယူနိုင်ဟုဆို၊ Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.