မတူပီ-မင်းတပ်လမ်းပေါ်၌ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ


မတူပီ-မင်းတပ်လမ်းပေါ်၌ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ဟု မတူပီ CDF က ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ရက် နံနက် ၉ နာရီတွင် မတူပီ-မင်းတပ် လမ်းမ အတိုင်း မတူပီတပ်စခန်းမှ စတင်ထွက်ခွာလာသော စစ်ယာဉ်တန်းကို CDF Matupi မှ မိုင်တိုင် (၈၀) အရောက်၌ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများရမ်းသမ်း ပစ်ခတ်ရာ အနီးအနားရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ 

ကျေးရွာနေ ပြည်သူများနှင့် CDF များ အထိအခိုက် အကျအဆုံး မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ် ယာဉ်တန်းသည် မင်းတပ်နယ် မိုင်(၇၀) ကျော်သို့ ရောက်ရှိသွားပြီ ဖြစ်သည်ဟု CDF Matupi က ထုတ်ပြန်ထားသည်။


သံလွင်ခက် - Than Lwin Khet News

မတူပီ-မင်းတပ်လမ်းပေါ်၌ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ မတူပီ-မင်းတပ်လမ်းပေါ်၌ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.