"အောင်ချမ်းသာကျေးရွာတွင် ဖမ်းဆီးနှိပ်စက်ထား၍ လမ်းတောင်မလျှောက်နိုင်သောလူငယ်ကို အကြမ်းဖက်စစ်တပ်က ကတုံးတုံးပြီး ခေါ်ဆောင်သွား"


ဇန်နဝါရီ(၂၅)ရက်နေ့က အကြမ်းဖက်စစ်တပ် အရာတော်မြောက်ပိုင်း၊ အောင်ချမ်းသာကျေးရွာသို့ ရောက်ရှိလာပြီး ရွာထိပ် ရာပြည့်ဘုရားဝင်းတွင် တပ်စွဲစခန်းချကာ ရွာခံပြည်သူများကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ 

ထိုသို့ နှိပ်စက်စစ်ဆေးရာတွင် အသက်(၂၃)နှစ်အရွယ် အောင်ချမ်းသာရွာခံ၊မောင်သော်ဇင်ထွန်း(ခ)ငသော် သည် ဆိုးဆိုးဝါးဝါးနှိပ်စက်ခံထားရကြောင်း ပြန်လည်လွတ်မြောက်လာသူများထံမှ သိရှိရသည်။

"သွေးတွေရဲနေတာပဲ။ ဓားနဲ့ မွှမ်းပြီး သူ့ကို PDF နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး မေးတာ။ ပြီးတော့ ကြိုးနဲ့ တစ်ဘက်တစ်ချက် ချည်ထားပြီး ဟိုဘက်ဒီဘက်ကနေ တစ်လှည့်စီကန်နေကြတယ်။ ‌မထနိုင်တော့ဘဲ သတိမေ့သွားတော့ စစ်ဖိနပ်ဦးနဲ့ထိုးပြီး မျက်ခွံကို လှန်ကြည့်တယ်။ ဒီကောင် ချီးစိမ်းတောင် မထွက်သေးဘူး၊ ရသေးတယ် လို့ ပြောပြီးလည်း ရယ်ကြတယ်။"ဟု မြင်တွေ့ခဲ့ရသော နှိပ်စက်မှုများကို ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောပြသည်။

အဆိုပါ အကြမ်းဖက်စစ်တပ်က (၂၆)ရက်နေ့တွင် အောင်ချမ်းသာရွာမှ ပြန်လည်ထွက်ခွာသွားပြီး ဖမ်းဆီးထားသူအချို့ကို ပြန်လွှတ်ပေးခဲ့သည်။

ဆိုးဆိုးဝါးဝါးနှိပ်စက်ခြင်းခံထားရ‌သူ မောင်သော်ဇင်ထွန်းကို ပြန်လည်လွှတ်မပေးဘဲ ကတုံးတုံးကာ ကြိုးတုပ်၍ ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။


အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

"အောင်ချမ်းသာကျေးရွာတွင် ဖမ်းဆီးနှိပ်စက်ထား၍ လမ်းတောင်မလျှောက်နိုင်သောလူငယ်ကို အကြမ်းဖက်စစ်တပ်က ကတုံးတုံးပြီး ခေါ်ဆောင်သွား" "အောင်ချမ်းသာကျေးရွာတွင် ဖမ်းဆီးနှိပ်စက်ထား၍ လမ်းတောင်မလျှောက်နိုင်သောလူငယ်ကို အကြမ်းဖက်စစ်တပ်က ကတုံးတုံးပြီး ခေါ်ဆောင်သွား" Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.