သင်္ဃန်းကျွန်းတွင် ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး ပျောက်ကြားသပိတ် ပြုလုပ်၊ စစ်ကောင်စီက လာရောက်ပစ်ခတ်ဖမ်းဆီးသော်လည်း အချိန်မီလူစုခွဲနိုင်ခဲ့
ဓာတ်ပုံ - ABFSU |
ရန်ကုန်မြို့ သဃ်န်းကျွန်းမြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၉) ညပိုင်း၌ ကျောင်းသားလူငယ်များက "ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ" စာတန်းကိုင်ဆောင်၍ အကြမ်းဖက်စစ်တပ်ဆန့်ကျင်ရေး ပျောက်ကြား သပိတ် ပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ အ.ထ.က (၁) သင်္ဃန်းကျွန်း ကျောင်းသား များသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊အ.မ.က(၈) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ စုပေါင်း၍ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပျောက်ကြားသပိတ် ပြီးဆုံးခါနီးတွင် အကြမ်းဖက် စစ်တပ်က လာရောက်ပစ်ခတ် ဖမ်းဆီးခဲ့သော်လည်း သပိတ်မှ လူငယ်များက အချိန်မီလူစုခွဲနိုင်ခဲ့ကြောင်း သိရသည်။
People's Spring
သင်္ဃန်းကျွန်းတွင် ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး ပျောက်ကြားသပိတ် ပြုလုပ်၊ စစ်ကောင်စီက လာရောက်ပစ်ခတ်ဖမ်းဆီးသော်လည်း အချိန်မီလူစုခွဲနိုင်ခဲ့
Reviewed by THITHTOOLWIN
on
23:03
Rating:
No comments:
Post a Comment