ရေဦးတွင်ဖြစ်ပွားသည့် စစ်ကောင်စီနှင့်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး ကျဆုံး


ရေဦး - ဇန်နဝါရီ ၂၁၊ ၂၀၂၂။ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် ရေဦးပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ခုနှစ် ဦးကျဆုံးခဲ့ကြောင်း သိရသည်။ 

ရွာမိဿာကျေးရွာထိပ် မူးဘောင်အနီးတွင် တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ကာကွယ်ရေးတပ်သား ခုနှစ်ဦးကျဆုံးပြီး ဆိုင်ကယ်ကိုးစီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်က The 74 Media ကိုပြောသည်။  

"ပကဖ/ PDF  ခုနှစ်ယောက်ကျပြီး ဆိုင်ကယ်က ကိုးစီး မီးရှို့ခံရတယ်။"  ဟုသူကပြောသည်။  

အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီစစ်‌ကြောင်းသည် ချမ်းသာကျေးရွာ ဘူတာရုံမှ ရွာမိဿာကျေးရွာသို့ စစ်ကြောင်းထိုးလာ‌သော‌ကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်‌ကြောင်း သိရသည်။ 

ရေဦးမြို့နယ် ထန်းပင်ကုန်းရွာအနီးတွင်လည်း ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။ 

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့သည် မြန်မာနိုင်ငံအနှံ့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်က လေကြောင်း ထိုးစစ်ဆင်တိုက်ခိုက်လျက်သည်။


The 74 Media 

ရေဦးတွင်ဖြစ်ပွားသည့် စစ်ကောင်စီနှင့်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး ကျဆုံး ရေဦးတွင်ဖြစ်ပွားသည့် စစ်ကောင်စီနှင့်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး ကျဆုံး Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.