စစ်ကောင်စီမှ မုံရွာမြို့ပေါ်ရှိ ဈေးဆိုင်အချို့ကို ဓာတ်ပုံရိုက်မှတ်တမ်းယူ၊အသံတိတ်သပိတ်တွင်ပါဝင်ပါက ဆိုင်ခန်းအားချိတ်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်
ဇန်နဝါရီ၃၀၊မုံရွာ
စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဖေဖော်ဝါရီ၁ရက်နေ့နိုင်ငံတဝှမ်းပြုလုပ်ကျင်းပမည့် အသံတိတ်သပိတ်တွင် ဈေးဆိုင်ခန်းများပိတ်ထားပါက ဆိုင်အားချိတ်ပိတ်အရေးယူ၍ ယနေ့တွင်ဆိုင်ခန်းများအား ဓာတ်ပုံရိုက်သွားကြောင်း ချင်းတွင်းရိုးမသတင်းရင်းမြစ်ထံမှသိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မြို့ပေါ်ရှိဈေးဆိုင်တချို့ကိုဓာတ်ပုံရိုက်မှတ်တမ်းယူကာ ဈေးသည်များအနေဖြင့်အသံတိတ်သပိတ်တွင်ပါဝင်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အရေးယူမည်ဖြစ်ပြီး ဆိုင်ခန်းအားချိတ်ပိတ်မည်ဖြစ်ကြောင်း မုံရွာကြယ်နီသတင်းဌာနမှ ရေးသားဖော်ပြထားသည်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီမှ ဖေဖော်ဝါရီလပိုင်းအတွင်း မုံရွာမြို့ပေါ်တွင် ဖွင့်ပွဲများပြုလုပ်ဖို့ စီစဥ်နေကြောင်း၊ရက်ရှည်ကာလသတ်မှတ်ကာ ဖွင့်ပွဲများကို မြိုင်မြိုင်ဆိုင်ဆိုင်ပြုလုပ်ဖို့ရှိနေကြောင်း မုံရွာချင်းတွင်းရိုးမသတင်းဌာနသိရှိရပါသည်။
Chindwin Yoma Media
No comments:
Post a Comment