သပိတ်ကျင်း၊ ဇန်နဝါရီ ၂၆
သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူများ ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ အပြင်လုံးဝမထွက်ကြရန် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့် People defence force(Thabeikkyin)မှ ယမန်နေ့က ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးထားသော်လည်း သွားလာနေပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ရလဒ်များကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ပြောထားသည်။
ယင်းအပြင် သပိတ်ကျင်း မြို့နယ်အတွင်း ပြည်သူများအနေဖြင့် စစ်ကောင်စီကားများနှင့် ကွဲပြားခြားနားစေရန်အတွက် အိမ်စီးကားများကို မှန်တင်မောင်းခြင်း၊နောက်ဖုံးမိုးကာများ အုပ်ကာ မောင်းနှင်ခြင်းမျိုး မလုပ်ကြရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတိပေးထားသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ပြည်သူ့အယောင်ဆောင်ကာ ကားများဖြင့် သွားလာမှုပြုလုပ်နေသောကြောင့် ၎င်းတို့ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် မန္တလေး-ဗန်းမော်လမ်းနှင့် မန္တလေး-မိုးကုတ်လမ်း ဗျူဟာလမ်းရှိ သပိတ်ကျင်းမြို့နယ် လမ်းပိုင်း အား ည ၇ နာရီမှ မနက် ၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။
Lu Nge Khit
No comments:
Post a Comment