ရက်ပေါင်း ၃၀၀ ကျော်အတွင်းစစ်ကောင်စီတပ်တွေ အိမ်ခြေ ၁၉၀၀ ကျော်ကိုမီးရှို့ဖျက်ဆီး


စစ်တပ်အာဏာသိမ်းပြီး ရက်ပေါင်း ၃၀၀ ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့ဖျက်ဆီးတဲ့ အိမ်ခြေဟာ ၁၉၆၃ လုံး ထိရှိလာပါတယ်။

ဒီစာရင်ဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ စာရင်းဖြစ်ပြီး Data for Myanmar အဖွဲ့က ပြုစုထားတာပါ။

မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသအများစုကတော့ စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံးဆန့်ကျင်တဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။

အဲဒီဒေသတွေဟာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့ပဲဖြစ်ပါတယ်။ 

ဒါ့အပြင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊တနင်္သာရီတိုင်းနဲ့ကရင်ပြည်နယ်တို့မှာလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်တဲ့အိမ်ခြေတွေရှိနေတာကိုတွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကိုအများဆုံးကြုံရတာကတော့ ချင်းပြည်နယ်မှာဆို ထန်တလန်မြို့မှာ အိမ်ခြေ ၆၉၀၊ စစ်ကိုင်းတိုင်းက ကင်းမကျေးရွာဆို အိမ်ခြေ ၂၃၀ ပျက်စီးသွားတယ်လို့စာရင်းတွေအရသိရပါတယ်။

နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာကြောင့် ဒေသခံပြည်သူတွေဟာလည်း နေရပ်မပြန်နိုင်ဘဲ  ဘေးလွတ်ရာကိုအခုထက်ထိတိမ်းရှောင်နေကြရပါတယ်။


People's Spring 

ရက်ပေါင်း ၃၀၀ ကျော်အတွင်းစစ်ကောင်စီတပ်တွေ အိမ်ခြေ ၁၉၀၀ ကျော်ကိုမီးရှို့ဖျက်ဆီး ရက်ပေါင်း ၃၀၀ ကျော်အတွင်းစစ်ကောင်စီတပ်တွေ အိမ်ခြေ ၁၉၀၀ ကျော်ကိုမီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 23:01 Rating: 5

No comments:

Powered by Blogger.