ငွေဆောင်ကမ်းခြေ ဘုန်းမောင်ဂျိုင်ကျေးရွာက ဒေသခံ အမျိုးသား ၁၄ဦးအား စစ်ကောင်စီဖမ်းဆီး


ငွေဆောင် ၊ဇန်နဝါရီ ၂၄ ရက်

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ဘုန်းမောင်ဂျိုင်ကျေးရွာမှ ဒေသခံရွာသား၁၄ဦးအား ယမန်နေ့က စစ်ကောင်စီတပ်များ ဖမ်းသွားကြောင်း သတင်းရရှိသည်။

"ငွေဆောင်ဘူးကွဲအထိုင်တပ်ကအင်အားတော်တော်များတယ်လက်နက်အပြည့်အစုံနဲ့ ရွာကိုပိတ်ဆို့ပြီး နာမည်အတိအကျနဲ့ဖမ်းခေါ်သွားတာ"ဟု ငွေဆောင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရတဲ့ ရွာသား၁၄ဦးမှာ​ PDF နှင့် အဆက်အသွယ်ရှိသူများအဖြစ် ဒေသခံ သတင်းပေး(ဒလန်) ၂ ဦး၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ငွေဆောင်မြို့ခံတစ်ဦးက ဆိုသည်။

"ရွာက ဒလန်တွေကပေးတဲ့ စာရင်းနဲ့လာတာစစ်တပ်ချည်းပဲရဲတောင်မပါဘူး။ ဖမ်းထားတဲ့တစ်ချို့က ငွေဆောင်ကဆန္ဒပြပွဲတွေမှာပါတဲ့လူရှိတယ်တစ်ချို့က သာမန်နေတဲ့သူတွေပါ" ဟု ငွေဆောင်မြို့ခံတစ်ဦးက ပြောသည်။

၎င်းတို့အား လက်ရှိတွင် ငွေဆောင်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားပြီး စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း ငွေဆောင်ကမ်းခြေမြို့တွင် စစ်တပ်နဲ့ရဲပူးပေါင်းစစ်ဆေးမှုများတင်းကြပ်နေပြီး လွန်ခဲ့တဲ့ ဒေသခံပြည်သူ ၂ ဦး၏ဖုန်းများအား ယူဆောင်စစ်ဆေးကာ ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။


Ayeyarwaddy Times 

ငွေဆောင်ကမ်းခြေ ဘုန်းမောင်ဂျိုင်ကျေးရွာက ဒေသခံ အမျိုးသား ၁၄ဦးအား စစ်ကောင်စီဖမ်းဆီး ငွေဆောင်ကမ်းခြေ ဘုန်းမောင်ဂျိုင်ကျေးရွာက ဒေသခံ အမျိုးသား ၁၄ဦးအား စစ်ကောင်စီဖမ်းဆီး Reviewed by THITHTOOLWIN on 19:04 Rating: 5

No comments:

Powered by Blogger.