မန္တလေးကျောက်ဝိုင်း ဗုံးပေါက်ကွဲပြီး ကျောက်သမားတစ်ဦးသေဆုံး

မန္တလေးမြို့၊ မဟာအာင်မြေကျောက်မျက်ဝိုင်းရောင်းဝယ်ရေးစခန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ကျောက်သမားတစ်ဦးသေဆုံးခဲ့ပါတယ်။ 

မန္တလေးကျောက်ဝိုင်းအတွင်း အရှေ့ဘက်ခြမ်းမှာ နံနက် ၈ နာရီလောက်က ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး ညအိပ်စောင့်တဲ့ ကျောက်သမားတစ်ဦးသေဆုံးခဲ့တယ်လို့ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောပါတယ်။

" မနက်ခင်းအစောပိုင်းပဲ အုန်းခနဲအသံအကျယ်ကြီးပဲ။ ကျောက်ဝိုင်းထဲကိုအရင်လို ဝင်ပြီးအလုပ်လုပ်တဲ့သူက မရှိသလောက်ပဲ။ သူ့အခန်းစောင့်တဲ့ ကျောက်သမားလို့ပြောတယ်"ဟု ကျောက်ပွဲစားတစ်ဦးကပြောပါတယ်။ 

စစ်တပ်ရဲ့အခွန်ရရှိရာနေရာတစ်ခုဖြစ်တဲ့အတွက် ကျောက်ဝိုင်းအတွင်းမကြာခဏဆိုသလို ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ 

ကျောက်ဝိုင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုဟာ ပထမအကြိမ် ဖြစ်ပါတယ်။ 

ကျောက်သမားတွေဟာ ကျောက်ဝိုင်းအတွင်း ဝင်ရောက်ပြီးအရောင်းအဝယ်မပြုလုပ်ကြတဲ့ အတွက် စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

People's Spring 

မန္တလေးကျောက်ဝိုင်း ဗုံးပေါက်ကွဲပြီး ကျောက်သမားတစ်ဦးသေဆုံး မန္တလေးကျောက်ဝိုင်း ဗုံးပေါက်ကွဲပြီး ကျောက်သမားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:57 Rating: 5

No comments:

Powered by Blogger.