စစ်​ကောင်စီဝန်ကြီး ​ဒေါ်သက်သက်ခိုင် တက်​ရောက်ဖဲကြိုးဖွင့်လှစ်မည့် ​ဈေးသစ်ဖွင့်ပွဲ အနီးတွင် မိုင်း​ပေါက်ကွဲ

Photo -CJ

မြစ်ကြီးနား - ဇန်နဝါရီ ၁၆၊ ၂၀၂၂။ 

စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်​ရောက်ဖွင့်လှစ်မည့် မြစ်ကြီးနားမြို့ ရှိ အေးမြသာယာအဆင့်မြှင့်ဈေး အနီးတွင် ယမန်​နေ့ မွန်းလွဲ သုံးနာရီခန့်က မိုင်း​ပေါက်ကွဲခဲ့ကြောင်းသိရသည်။ 

ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် မတက်​ရောက်ခင် ၄၅ မိနစ်ခန့်အလိုတွင် ​ဈေးအနီးရှိ လမ်းသွယ်(၉)မှ အုတ်ခုံတွင် ​ပေါက်ကွဲမှုဖြစ်ပွားခဲ့​ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Mediaကိုပြောသည်။ 

"ဗုံးပေါက်ပြီးတာတောင် လာတယ်ဆိုတော့ သူတို့လူကြီးမလာခင် လမ်းရှင်းလိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြတာပေါ့။ ဗုံးက ဈေးမှာ မပေါက်ပဲ ဈေးထောင့်မှာ ပေါက်တာဆိုတော့" ဟုပြောသည်။ 

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အေးမြသာယာ အဆင့်မြင့်ဈေးအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံးခြုံရေးတင်းကြပ်စွာဖြင့် မိုင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း အခြား ရပ်ကွက်​နေပြည်သူတစ်ဦးက ပြောသည်။ 

"စျေးထဲမှာ မိုင်းရှာခွေးနဲ့ ပိုက်စိတ်တိုက်ရှာတယ် ၂ နာရီကတည်းက လုံခြုံရေးအပြည့် အရပ်ဝတ်တွေပါပါတယ်။ ဒေါ်သက်သက်ခိုင်ရဲ့ကား လာတာနဲ့ ကုန်စုံဆိုင်တန်းလျားနဲ့ လမ်းတွေအားလုံးပိတ်လိုက်တာ ဟုတ်တယ်။ ဈေးအထိဝင်သွားတယ်တဲ့ လုံခြုံရေးတွေအများကြီးပဲ" ဟုပြောသည်။ 

ပေါက်ကွဲမှုဖြစ်ပွားပြီး ၄၅ မိနစ်ခန့်အကြာတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် ရောက်ရှိလာပြီးနောက် ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးပြီး​နောက် တစ်နာရီခန့် အကြာတွင် ပလနရပ်ကွက်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။ 

​ဒေါ်သက်သက်ခိုင်​ရောက်ရှိ​နေသည့် မြစ်ကြီးနားမြို့ လမ်းတစ်လျောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခင်နေ့များထက်ပို၍ လုံခြုံရေးတင်းကြပ်စွာ စောင့်ကြည့် နေရာယူထား​​ကြောင်းသိရသည်။ 

မြစ်ကြီးနားမြို့ နန်ကျင်ကျေးရွာတွင်လည်း ဇန်နဝါရီလ ၁၃ ရက်နေ့ညက Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။


The 74 Media 

စစ်​ကောင်စီဝန်ကြီး ​ဒေါ်သက်သက်ခိုင် တက်​ရောက်ဖဲကြိုးဖွင့်လှစ်မည့် ​ဈေးသစ်ဖွင့်ပွဲ အနီးတွင် မိုင်း​ပေါက်ကွဲ စစ်​ကောင်စီဝန်ကြီး ​ဒေါ်သက်သက်ခိုင် တက်​ရောက်ဖဲကြိုးဖွင့်လှစ်မည့် ​ဈေးသစ်ဖွင့်ပွဲ အနီးတွင် မိုင်း​ပေါက်ကွဲ Reviewed by THITHTOOLWIN on 23:02 Rating: 5

No comments:

Powered by Blogger.