ဝင်ငွေရလမ်းကျပ်တည်းလာတဲ့အတွက် ရန်ကုန်စီးတီး တက္ကစီတွေဘက်လှည့်လာသော စစ်ကောင်စီ


( ဇန်နဝါရီလ ၂၁ ရက် )

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူအများ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာခဲ့ပြီး မိသားစုစားဝတ်နေရေးပိုမိုရုန်းကန်နေရသော်လည်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများကတော့ ပြည်သူများဆီမှ အခွန်အခနဲ့ ငွေကြေးရရှိနိုင်မဲ့နည်းလမ်းများကိုသာ ပိုမိုဖိအားပေးလုပ်ဆောင်လာခဲ့ပြီး ယခုအခါ နောက်ထပ်နည်းလမ်းတစ်ခုအဖြစ် ရန်ကုန် စီးတီး တက္ကစီတွေဘက် လှည့်လာခဲ့တယ်လို့ အငှားယာဉ်မောင်းအချို့က ပြောကြားလာပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလလက ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ ရန်ကုန် စီးတီး တက္ကစီ အသင်း (ယာယီ) အဖွဲ့အစည်းမှ ရန်ကုန်မှာပြေးဆွဲနေတဲ့ စီးတီးတက္ကစီတွေကို မှတ်ရလွယ်ကူသော အရောင် (သို့မဟုတ်) အမှတ်အသားတစ်ခုခု ကို တစ်ပြေးညီသတ်မှတ်သွားဖို့ စီစဉ်နေပြီဖြစ်ကြောင်းသိရပါတယ်။

အဆိုပါအစီစဉ်နဲ့ပတ်သက်ပြီး တင်ဒါခေါ်ယူဖို့ရှိမရှိကိုတော့မသိရှိရသေးပါဘူး။

လက်ရှိအနေအထားက ရန်ကုန် စီးတီး တက္ကစီတွေအနေနဲ့ မှတ်ရလွယ်ကူသော ပုံစံမျိုးမရှိဖူးလားလို့ TAXI ယာဉ်ပိုင်အချို့နဲ့ ယာဉ်မောင်းအချို့က မေးခွန်ထုတ်လာမှုတွေလည်းရှိလာပါတယ်။

" သူတို့က မှတ်ရလွယ်အောင်အရောင်ပြောင်းတာတို့ ဒါမဟုတ် အမှတ်အသားတစ်ခုခုသတ်မှတ်မယ်လို့ပြောတယ် ဒါပေမဲ့အခု TAXI တွေက နံပတ်အနီ ခေါင်းမိုးပေါ်နဲ့ ကားတံခါးမှာလည်း TAXI ဘုတ်နဲ့ City TAXI နံပတ်တွေကပ်ထားတာပဲ ဒါကကောမှတ်ရလွယ်တဲ့အမှတ်အသား မဟုတ်လို့လားပေါ့နော် ဒီနေ့ဒီချိန်ထိ TAXI စီးမယ်လို့စဉ်းစားပြီး ကားမှားတားတာမျိုးတော့ ကျွန်တော်တို့လည်းမကြုံဖူးသေးဘူး ဒါကိုဘာအတွက်ထပ်ပြောင်းချင်တာလဲတော့မသိဖူး အခုချိန်က လူတွေအားလုံးခက်ခဲကျပ်တည်းနေကြချိန် ဒီအစီစဉ်တွေအတည်ပြုလိုက်ရင်တော့ မဖြစ်မနေငွေထွက်ရမဲ့ကိစ္စတစ်ခုပြောလာတယ်လို့ပြောရမှာပါ " ဟု အမည်မဖော်လိုသူတစ်ဦးကဆိုပါတယ်။

ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသော စီးတီး တက္ကစီ (၆၅,၀၀၀) ကျော်ရှိပြီး နယ်လိုင်စင်နဲ့ ခွင့်ပြုပေးထားတဲ့ စီးတီး တက္ကစီ (၂၀,၀၀၀) ကျော်ရှိတယ်လို့သိရှိရပါသည်။


HTY Information

ဝင်ငွေရလမ်းကျပ်တည်းလာတဲ့အတွက် ရန်ကုန်စီးတီး တက္ကစီတွေဘက်လှည့်လာသော စစ်ကောင်စီ ဝင်ငွေရလမ်းကျပ်တည်းလာတဲ့အတွက် ရန်ကုန်စီးတီး တက္ကစီတွေဘက်လှည့်လာသော စစ်ကောင်စီ Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.