မင်းလှမြို့နယ်​ထွေအုပ်ကား မိုင်းခွဲခံရ


မကွေးတိုင်း မင်းလှမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်ရေးမှူး၏ ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့(ဇန်နဝါ ရီ ၆)ထုတ်ပြန် သည်။

မင်းလှမြို့နယ် လယ်လှကျေးရွာနှင့် ဒီးဒုတ်ကန်ကျေးရွာကြား ယနေ့ ညနေ ၅ နာရီ ၄၅ တွင် ရှော့တိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါ တိုက်ခိုက်မှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီလက်ပါးစေအချို့ထိခိုက်သေ ဆုံးမှုရှိ၊ မရှိမှု မသိရသေးပေ။

 "မင်းလှမြို့နယ်တွင်းရှိ စကစခန့်အုပ်ကြီးများ ပြည်သူ များအားမတရားဖိနှိပ်မှု သတင်းပေးမှုများ မပြုလုပ်ကြရန်နှင့် ရာထူးမက်မောမှုတွေ ဖြေလျှော့ပေးကြပါရန် စေတနာရှေ့ထားပြီး မေတ္တာဖြင့် သတိပေးအပ်ပါသည်" ဟု အထက်မင်းလှ PDFက ဆိုသည်။

မင်းလှမြို့နယ်တွင် ဇန်နဝါရီ ၄ရက်(လွတ်လပ်ရေးနေ့)က လက်ပံတံခါးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးသောင်းဌေးဆိုသူကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက သုတ်သင်ခဲ့သည်။



People's Spring 

မင်းလှမြို့နယ်​ထွေအုပ်ကား မိုင်းခွဲခံရ မင်းလှမြို့နယ်​ထွေအုပ်ကား မိုင်းခွဲခံရ Reviewed by THITHTOOLWIN on 00:24 Rating: 5

No comments:

Powered by Blogger.