ရန်ကုန်တွင် စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်ကြရန် ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ သတိပေး

ရန်ကုန်မြို့၌ စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F)က နောက်ဆုံး အကြိမ် သတိပေးစာဟုဆိုကာ ယနေ့ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီဝင်များရှိသည့်နေရာများကို ရှောင်ကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများအကြားသွားလာပါကလည်း ယင်းနေရာမှ ရှောင်ကြရန်လည်း B.F.R.A.F က သတိပေးသည်။

ထို့အပြင် ၎င်းတို့အဖွဲ့အနေဖြင့် စစ်ဆင်ရေးများကို အပြင်းအထန်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် လမ်းပေါ်တွင်မဆိုင်သည့် ပစ္စည်းများကိုမထိရန်နှင့် မလိုအပ်ပဲ အပြင်မထွက်ကြရန်လည်း သတိပေးထားသည်။

"စကစတွေက လူကြားထဲသွားနေရင် ကိုယ်တွေပြည်သူတွေရှောင်နေဖို့ ။သူတို့ကိုတိုက်ခိုက်တဲ့အချိန်ကျ သူတို့ဘက်ကရမ်းပစ်ရင် ပြည်သူတွေထိမှာစိုးလို့"ဟု ယင်းကဲ့သို့ထုတ်ပြန်ရသည့်အပေါ် B.F.R.A.F အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ဖောက်ခွဲရေးလုပ်ငန်းစဥ်များတွင် ပြည်သူများကိုငဲ့ညှာရသောကြောင့် မလုပ်ဆောင်နိုင်သည့် ဖြစ်စဥ်များလည်းရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

“အလုပ်ကတော့ သွားနေရတာပဲ ။တကယ်လို့ ကြုံလာရင်တော့ ကျွန်တော်တို့ကိုလည်း မညှာစေချင်ဘူး”ဟု (၃၂) နှစ်အရွယ်  နည်းပညာကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။

B.F.R.A.Fအဖွဲ့သည် ရန်ကုန်မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ရဲစခန်း ၊ မီတာရုံး ၊ စည်ပင်ရုံးစသည့် နေရာများကို ဖောက်ခွဲမှုများပြုလုပ်ခဲ့သည်။

People's Spring 

ရန်ကုန်တွင် စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်ကြရန် ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ သတိပေး ရန်ကုန်တွင် စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်ကြရန် ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ သတိပေး Reviewed by THITHTOOLWIN on 07:09 Rating: 5

No comments:

Powered by Blogger.