ရေဦးနှင့် တန့်ဆည်တွင် ကောလိပ်ကျောင်းသားအပါအဝင် ကျေးရွာနေပြည်သူများအား သတ်ဖြတ်ခဲ့သော စကစ ခမရ (၃၆၈) တပ် တိုက်ခိုက်ခံရ၍ (၁၀) ဦးထက်မနည်းသေဆုံးကာ (၃၀) ကျော် ထိခိုက်ဒဏ်ရာရ

Photo - အကြမ်းဖက်စစ်ကောင်စီ ခမရ ၃၆၈ တပ်သားတချို့အား မြင်တွေ့ရစဉ် ( ပုံဟောင်း ) 

ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီ ခမရ ၃၆၈ တပ်အား ရေဦးမြို့နယ်အခြေစိုက် ဝေဟင်စွန်ရဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှော့ဂန်း (၃) လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၁၀) ဦးသေဆုံးပြီး (၃၀) ကျော်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

" ဇေယျဝတီကျေးရွာမှ ရဲမာန်ကျေးရွာသို့ ထိုးစစ်ဆင်လာသော ခမရ ၃၆၈ တပ်အား ရဲမာန်ကျေးရွာအရှေ့ ငှက်ကျကျောင်းအနီး၌ ရှော့ဂန်း (၃) လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ခွေး (၁၀) ကောင်သေ၍ အကောင် (၃၀) ခန့် ထိခိုက်ဒဏ်ရာရရှိသွားပါသည် " ဟု ဝေဟင်စွန်ရဲ အဖွဲ့ကထုတ်ပြန်သည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ ခမရ ၃၆၈ တပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ (၅) ရက်နှင့် (၇) ရက်နေ့တို့က တန့်ဆည်မြို့နယ်တွင် အသက် (၁၉) နှစ်အရွယ် ကောလိပ်ကျောင်းသားတစ်ဦးအပါအဝင် ဒေသခံ (၃) ဦးကို သတ်ဖြတ်ခဲ့ခြင်းနှင့် ရေဦးမြို့နယ် ရေမျက်ရွာတွင် ပြည်သူနေအိမ်များအား မီးရှို့ခဲ့ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


PDF Newsflash

ရေဦးနှင့် တန့်ဆည်တွင် ကောလိပ်ကျောင်းသားအပါအဝင် ကျေးရွာနေပြည်သူများအား သတ်ဖြတ်ခဲ့သော စကစ ခမရ (၃၆၈) တပ် တိုက်ခိုက်ခံရ၍ (၁၀) ဦးထက်မနည်းသေဆုံးကာ (၃၀) ကျော် ထိခိုက်ဒဏ်ရာရ ရေဦးနှင့် တန့်ဆည်တွင် ကောလိပ်ကျောင်းသားအပါအဝင် ကျေးရွာနေပြည်သူများအား သတ်ဖြတ်ခဲ့သော စကစ ခမရ (၃၆၈) တပ် တိုက်ခိုက်ခံရ၍ (၁၀) ဦးထက်မနည်းသေဆုံးကာ (၃၀) ကျော် ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.