စစ်​ကောင်စီတပ်ရှိ​​သော မုံရွာမြို့အနှံ ဗုံးများကွဲ



စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ညပိုင်းကအကြမ်းဖက် စစ်ကောင်စီတပ်များရှိသည့်နေရာများအပါအဝင် မြို့ပေါ်နေရာအများအပြား ဗုံးပေါက်ကွဲခဲ့သည်။

ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) ညပိုင်းက မုံရွာမြို့ပေါ် အာဇာနည်လမ်းတွင် ၂ လုံး၊ ဘုရားနီ၊မြို့ပတ်လမ်း၊ရန်ကင်းမီးပွိုင့်၊ချင်းတွင်းမြင့်ဟိုတယ်ရှေ့၊ကျောက္ကာလမ်း၊ကန်သာယာ၊သမစိတ္တလမ်းဆုံ၊လျှပ်စစ်ရုံးလမ်းဆုံ၊အသောကလမ်းဆုံ၊လောင်းကစားလမ်းကြား၊ဘိုးဘွားရိပ်သာအဝိုင်းပတ်နှင့်သာစည်မီးပွိုင့်တို့တွင် ဗုံးတစ်လုံးစီနှင့် ခမရ၁၆တပ်ရင်းသို့ ဗုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Monywa NightKingနှင့် ACF Monywaတို့ကသတင်းထုတ်ပြန်သည်။ 

ထိခိုက်ဒဏ်ရာရရှိမှုများကို လုံခြုံရေးကြောင့်စောင့်ကြည့်နိုင်ခြင်းမရှိကြောင်း၊ အဖွဲ့သားအားလုံးဘေးကင်းပြီး ယခုကဲ့သို့ အကြမ်းဖက်စစ်တပ်အားခုခံတိုက်ခိုက်နိုင်ရန်မိဘပြည်သူများ၏ အကူအညီများလိုအပ်ကြောင်း Monywa NightKingနှင့် ACF Monywaတို့က အသိပေးသည်။

"ညမှောင်မှောင်မှာ တစ်မြို့လုံး နေရာအနှံ့တစ်အုန်းအုန်းပေါက်တာ။"ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် မုံရွာမြို့ပေါ် ပိတောက်လမ်း၊အေးရိပ်သာလမ်းထောင့်၊ရွှေဝါရောင်လမ်းအမှတ်၆တို့တွင်လည်း  ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းMonywa Special ဒိတ်ဒိတ်ကြဲPDF က ထုတ်ပြန်ကြေညာသည်။

မုံရွာမြို့တွင် ယ​နေည​နေ ၅ နာရီ​နောက်ပိုင်းမှစပြီး ကျန်းမာ​ရေးကိစ္စမှလွဲ၍ အပြင်မထွက်ရန် Blacki Monywa Nightking အဖွဲ့က ယ​နေ့(ဇန်နဝါရီ ၁၇) ည​​နေတွင်ထုတ်ပြန်၍ ​မေတ္တာရပ်ခံထားသည်။

ယ​နေ့မနက်ပိုင်းကလည်း မုံရွာမြို့ ကန်သာယာ​ဈေးတွင် နယ်ပြောင်းလာ​သည်မှာမကြာ​သေး​သော ရဲအရာရှိတစ်ဦး၏ ဇနီးလည်းဖြစ် ၊ရဲသတင်း​ပေးဟုဆိုသူအမျိုးသမီး ​သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ​သေးသည်။


People's Spring 

စစ်​ကောင်စီတပ်ရှိ​​သော မုံရွာမြို့အနှံ ဗုံးများကွဲ စစ်​ကောင်စီတပ်ရှိ​​သော မုံရွာမြို့အနှံ ဗုံးများကွဲ Reviewed by THITHTOOLWIN on 00:36 Rating: 5

No comments:

Powered by Blogger.