လှိုင်သာယာ၊ ရွှေလင်ဗန်း ၂၃ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးအိမ်ကို မြို့ပြပြောက်ကျား မဟာမိတ်အဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်၊ ရပ်ကျေးအဖွဲ့ဝင်များ ထိခိုက်မှုရှိ
(ဇန်နဝါရီ ၈ ရက်)
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း ၂၃ ရပ်ကွက်ရှိ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ယနေ့ ဇန်နဝါရီ ၈ ရက်၊ ည ၈:၀၀ နာရီဝန်းကျင်က သေနတ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။
“ပစ်ခံရပြီးသိပ်မကြာဘူး ဆိုင်ကယ်တွေ အတန်းလိုက်နဲ့ အိမ်စီးကားနှစ်စီးနဲ့ ခရာတွေမှုတ်ပြီးထွက်သွားကြတယ်၊ နှစ်ယောက်ထိတယ်လို့ပြောတယ် အုပ်ကြီးလား၊ သူ့တပည့်တွေလားတော့ မသိသေးဘူး” ဟု မြို့နေပြည်သူတစ်ဦီးမှ HTY Information သို့ပြောသည်။
“ပစ်တာက ၁၀ ချက်ကျော်လောက်ရှိတယ်၊ လူတွေလည်းလန့်ပြီး ဆိုင်တွေပိတ်ကုန်ကြတယ်၊ ခနနေတော့ စစ်သားတွေရောက်လာတယ် လမ်းပိတ်ပြီး ကားတွေ ဆိုင်ကယ်တွေပြန်လှည့်ခိုင်းတယ်” ဟုလည်း အခြားသောပြည်သူတစ်ဦးမှ ပြောသည်။
ယနေ့ တိုက်ခိုက်မှုကို မြို့ပြပျောက်ကျား မဟာမိတ်များဖြစ်သော Gods of Death (G.O.D) ၊ Free Tiger Ranger နှင့် Spring Revolution Flames (S.R.F) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သေနတ် ၁၉ ချက်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ၊ ဆက်လက်၍လည်း တိုက်ခိုက်မှူများ ပြုလုပ်သွားမည်ဟု G.O.D အဖွဲ့၏ တာဝန်ရှိသူမှ HTY Information သို့ ပြောသည်။
ဒါပြင် ပြည်သူအများ မလိုအပ်ပဲ စစ်ကောင်စီတပ်စွဲထားရာ နေရာများအနီးတဝိုက် သွားလာခြင်းများကို ရှောင်ကျဉ်ကြပါဟုလည်း မြို့ပြပျောက်ကျားအဖွဲ့များမှ မေတ္တာရပ်ခံထားပြီး၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း အမှန်တရားဘက်၊ ပြည်သူ့ဘက်မှ ရပ်တည်၍ ပြည့်သူ့အစိုးရထံ လက်နက်ချ အလင်းဝင်ကြပါဟုလည်း တိုက်တွန်းထားပါသည်။
HTY Information
No comments:
Post a Comment