နတ်မောက်မြို့နယ်က အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ၁၀ ချက်ပစ်ခံရပြီး သေဆုံး


နတ်မောက်၊ ဇန်နဝါရီ ၂၀၊ ၂၀၂၂။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်သန်းတောင်ကျေးရွာက အုပ်ချုပ်ရေးမှူးတဦး ဒီကနေ့ နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်ခံရပြီး ‌သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှုး‌တွေပဲ တက်ရတဲ့ အစည်းအဝေးပွဲက အပြန်မှာ ငါးပြေမပြောက်ကျားတပ်ဖွဲ့ ဗိုလ်ငါးမဲလုံး တပ်စိတ် ၃ က သေနတ်နဲ့ ပစ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

"ဒီကောင်ကြောင့် အဲဒီရွာအနီးအနားက ကျနော်တို့စခန်းတခုပြောင်းလိုက်တာလည်း ပါတယ်။ မိုးတွင်းကြီးကို စခန်းပြောင်းလိုက်ရတာပါ။ အဲဒီကတည်းက သူ့ကိုလုပ်ဖို့ချောင်းနေတာ ဘယ်လိုမှ လုပ်လို့မရဘူး။ နောက်ပြီးတော့ စစ်တပ်က သူတို့ရွာထဲမှာလည်း သေနတ်တွေပေးထားတာရှိတယ်။ ခုတောင် ပါလာမယ်ထင်တာ ပါမလာဘူး။" လို့ ငါးပြေးမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးနိုင်ဝင်းဟာ ပျူစေထီးခေါင်းဆောင်ဖြစ်သလို အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ဖို့ စာထုတ်ပြီး သတိပေးခဲ့ချိန်က မထွက်ခဲ့တဲ့အပြင် စစ်ကောင်စီနဲ့ အရောတဝင်လုပ်နေလို့ ခေါင်းအပါအဝင် တကိုယ်လုံးကို ဆယ်ချက် ပစ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။


မြေလတ်အသံ - Myaelatt Athan 

နတ်မောက်မြို့နယ်က အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ၁၀ ချက်ပစ်ခံရပြီး သေဆုံး နတ်မောက်မြို့နယ်က အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ၁၀ ချက်ပစ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.